တော်လှန်ရေး ကဗျာ ၂၆

 ကိုယ့်ကဗျာကိုယ်ရေးပြီး ၊ ကိုယ့်သေနတ်ကိုယ်ကိုင်တာဘယ်သူ့စောက်ဂရုစိုက်ရမလဲ!!!


ကိုယ့်ဘ၀ကိုယ်မရွေးရင်ဘယ်သူလာရွေးမလဲ

ဘုရားဟာစောက်ရမ်းအိပ်ပုတ်ကြီးတယ်။ 

တို့တစ်ရွာလုံးကတော့မန်ယူပဲဟေ့လို့အော်ရာကနေ တို့တစ်ရွာလုံးတော့

ပြာကျကုန်ပြီအထိ အိပ်ကောင်းတုန်း၊

ကိုယ့်ထက်နေနိုင်ရက်သူဘုရားကို စောက်စကားထဲထည့်

မပြောနေနဲ့၊လိုအပ်တာ ကိုယ့်လက်ထဲမှာ

မောင်းပြန်ရိုင်ဖယ်တစ်လက်၊ကီးဘုတ်ပါတဲ့ စမတ်ဖုန်းတစ်လုံး၊ ကိုယ့်လက်ထဲမှာကိုင်ထားတာ

အမှန်တရားကွလို့ စောက်ကြီးစောက်ကျယ်အော်ပြောတဲ့ကောင်တွေကတော့ဘုရားနဲ့အတူအိပ်နေပြီ

ကိုယ်မှ မပစ်ရင် ကိုယ့်ခေါင်းဟာသူတို့ပစ်မှတ်၊ ကိုယ်မှ

ဆွဲမချရင် သူတို့လက်ညှိုးတွေက ကိုယ်နှလုံးသားကို

အတွဲလိုက်ဆွဲချသွားမှာပဲ။သူတို့ရှို့နေတာကျေးရွာတွေ

မဟုတ်ဘူး ကိုယ်တို့နှလုံးသားတွေ ၊ ကိုယ်တို့ နှလုံးသား

တွေဟာပြာမဖြစ်ဘူး မီးအပူပေးလေ ပိုမိုမာကျော

ကျောက်သားတွေ၊ ကိုယ်တို့ကျောက်သားတွေဟာ

ကြာလေ ရင့်လေဖြစ်လာမယ့်သက်ရင့်ကျောက်တွေ၊

ပစ်ကြဟေ့ ရန်သူကို၊ ဖောက်ပြန်သူတွေကို ပစ်ကြဟေ့

ကိုယ်လိုနေတာ ဝီစကီတစ်ခွက်မဟုတ် ၊

ပိုပြီးမာရေကျောရေနိုင်တဲ့ ကျည်ဆန်တွေ၊ တိုက်ကြ

ကိုယ့်အတ္တအတွက်ကိုယ်တိုက်ကြ၊ စောက်အဓိပ္ပါယ်

ရှိတာတစ်ခုခုအတွက်တိုက်ကြ၊ ဆိတ်ဖလူးပန်း‌တွေ

အတွက်တိုက်ကြ။ 

ကိုယ်လိုအပ်တာ ဖောင်တိန်မဟုတ်၊ ဗာဆိုင်းစာချုပ်မဟုတ်၊ အလံဖြူပြဖို့မဟုတ်၊ ‌ပျော့ခွေကျသွားမယ့်

ဒူးတွေမဟုတ်။ ကိုယ်လိုအပ်တာသေမလား၊သတ်မလား ၊ *ကျနော်မသေရင် ဒီကောင်တွေအသေ၊ကျနော်သေရင်လည်းဒီကောင်တွေအသေ။ အခုချိန်ကိုယ့်မှာ 

ကဗျာရေးပြီးသေနတ်မောင်းတင်ဖို့ကလွဲရင် ဘာစောက်စကားမှ ရေးကြီးခွင်ကျယ်ပြောပြာစရာမရှိ။ 


PlugX

*ကေဇ၀င်း

Comments

Post a Comment

Popular posts from this blog

သင်တို့ဘုရားငါမဖူး - ကဗျာ

Revolution Reviews

ပြောလိုက်ပါဘိ ဟောပါဘိ