အတွေးအခေါ် စာပေကဏ္ဍ

 စဥ်းစားကြည့်တော့ ဒီတော်လှန်ရေးဆိုတာဟာ

ကျွန်တော်တို့လို တချို့လူငယ်တွေရဲ့ဘဝမှာ ပထမဦးဆုံးအကြိမ် တိုင်းပြည်တာဝန်ကို ထမ်းဆောင်တာပဲလို့ မြင်တယ်ဗျ 

စနစ်ဆိုးဟာ ကျွန်တော်တို့ကို တာဝန် မယူတတ်အောင် 

ရေသာခို အချောင်လိုက်တတ်အောင် 

အချင်းချင်း သွေးကွဲပြီး မစည်းလုံးအောင် စသည်ဖြင့် ပေါ့လေ 

နှစ်ကာလအကြာကြီး ဖျက်ဆီးထားခဲ့တာပါ


တိုင်းပြည်ချစ်စိတ်ဆိုတာ ဘာလဲ 

ကိုယ်တိုင်းပြည်ကိုယ်ထူထောင်ခွင့်ရတယ်ဆိုတာ ဘာလဲ 

တိုးတက်သော နိုင်ငံတစ်ခုမှာ ဘာတွေ လိုအပ်သလဲ 

စသည် ဖြင့် စသည်ဖြင့်ပေါ့ 


ဒီအချိန်ကာလဟာ တော်လှန်ရေးလုပ်ဖို့ 

တိုင်းပြည်အတွက် အသက်စွန့်ဖို့ 

နိုင်ငံတော်သစ် ထူထောင်ဖို့ အကောင်းဆုံးအချိန် 

အကျိုးအကြောင်းအဆီလျှော်ဆုံး အချိန်လို့ တွေးရင်ရနိုင်ပါတယ်


နိုင်ငံကို ချစ်၍ တော်လှန်ပါခင်ဗျာ။

Moriarty 

Comments

Post a Comment

Popular posts from this blog

သင်တို့ဘုရားငါမဖူး - ကဗျာ

Revolution Reviews

ပြောလိုက်ပါဘိ ဟောပါဘိ