“အဝါရောင် ဂစ်တာကော့ဒ်များ”
ထူထူထဲထဲနဲ့
တောအုပ်တွေလား ?
အလွမ်းတွေပါ။
ပြင်းပြင်းထန်ထန်နဲ့
သမုဒ္ဒရာတွေလား ?
မျက်ရည်တွေပါ။
လောင်လောင်ကျွမ်းကျွမ်းနဲ့
မီးတောင်တွေလား ?
ဘဝတွေပါ။
ချမ်းချမ်းသာသာနဲ့
ကျောက်သံပတ္တမြားတွေလား ?
ဆင်းရဲခြင်းတွေပေါ့။
-သုခမိန်လှိုင်
💪💪💪
ReplyDeleteDone
ReplyDelete