"အလှဆုံးခေတ်"

အကျဉ်းကျနေတဲ့နေရောင်အောက်မှာ

အသက်ရှူရတာကအစ မလွတ်လပ်

လေဟာမောပမ်း

မြေဟာနွမ်းနယ်

ဝေးကွာခြင်းဟာ

မီးရထားသံလမ်းများကို အရည်ပျော်ကျသွားစေတယ်

စစ်ကြီးပြီးရင်

ခန်းစီးအသစ်တွေလဲကြမယ်

ပျော်စရာကောင်းတဲ့

ဖျော်ရည်တွေသောက်ကြမယ်

ဘုရားစင်ပေါ်မှာ

အလှဆုံးနှင်းဆီပန်းတွေ ပူဇော်ကြမယ်

တောင်းရမယ့်ဆုက

ချစ်သူများသာ အဓွန့်ရှည်ပါစေ။


-ကြည်ဇော်အေး

Comments

Post a Comment

Popular posts from this blog

သင်တို့ဘုရားငါမဖူး - ကဗျာ

Revolution Reviews

ပြောလိုက်ပါဘိ ဟောပါဘိ