နှလုံးသားပါလို့ ဆက်ထမ်းနေရဆဲ
ခေတ်ကောင်းရင် ဖားတွေပေါ်လာပြီး
ခေတ်ပျက်ရင်တော့ လူငယ်တွေက
တာဝန်ယူရင်း အသက်စွန့်ရတဲ့တိုင်းပြည်
နိုင်ငံရေးသမားတွေက ငါစွဲများနေပြီး
အင်အားစုတွေက တူရာစုနေကြတယ်
စစ်တပ်ကတော့ တသွေး တသံ တမိန့်နဲ့
ခေတ်အဆက်ဆက် အကြမ်းဖက်တယ်
တိုင်းပြည်ကပျက်လဲ စနစ်ကဖြိုချနေရဆဲ
စားဖားတွေက သာကူးဖို့ချောင်နေဆဲ
အနေသာသူတွေက အသာနေနေဆဲ
အသက်ပေးရဲသူတွေ အသက်စွန့်နေရဆဲ
မီးတောက်ဟုန်းဟုန်းထဲမှာ မျက်ရည်တွေနဲ့
ဒီတိုင်းပြည်က ဖီးနစ်ငှက်လို နိုးထနိုင်ဖို့
နှလုံးသားပါတဲ့သူတွေ ဆက်ထမ်းနေရဆဲပါလေ
San Zuren 🌸
မှန်လိုက်တာ စံရေ။
ReplyDeleteအမှန်ပေါ့
ReplyDeleteDone
DeleteDone
ReplyDelete✊️
ReplyDelete