“ပန်းရောင်းသူများ”

ဆိုရိုးစကားတစ်ခုရှိတယ်

လက်သမားတစ်ယောက်ရဲ့

အိမ်တံခါးတွေဟာ

အပျက်တွေချည်းပဲတဲ့။


ပန်းရန်ဆရာတစ်ယောက်ရဲ့

ဝန်ခံချက်ကတော့

ဟိုတယ်မှာတစ်ခါမှ

မတည်းခိုဖူးတဲ့အကြောင်း။


မိမိမှာ

စေ့စပ်လက်စွပ်မရှိပါလို့

ပန်းထိမ်ဆရာတစ်ယောက်က

ထွက်ဆိုဖူးတယ်။


လယ်သမားကြီးတစ်ယောက်

ဒေါ်လာဆိုတာ

ဘယ်လိုဟာမျိုးလဲလို့

မေးနေရှာလေရဲ့။


ကိုယ့်ပုံတူကို

ကိုယ်ပြန်ဆွဲဖို့

တစ်သက်လုံးမေ့လျော့နေခဲ့တာ

ပန်းချီဆရာတစ်ယောက်ပေါ့။


ဘာပဲဖြစ်ဖြစ်

ဖဲ့ထုတ်ခံရတဲ့

သစ်သားစတွေမပါဘဲနဲ့တော့

ပန်းပုရုပ်တစ်ရုပ်

ဖြစ်မလာနိုင်ဘူးလေ။ ။


-မင်းလူ

Comments

Popular posts from this blog

သင်တို့ဘုရားငါမဖူး - ကဗျာ

Revolution Reviews

ပြောလိုက်ပါဘိ ဟောပါဘိ