ခေတ်ကြီးထဲက နိုင်ငံတာ်
မြင်ကွင်းတွေ
ပိန်းပိတ်အောင်မှောင်မဲနေတဲ့ခေတ်ကြီးထဲ
နိုင်ငံတော်ဟာ
သူ့နာမည်ကို ခပ်တိုးတိုးခေါ်ကြည့်နေတယ်
ဆုတ်ခေတ်လား
ယုတ်ခေတ်လား
အမှောင်ခေတ်လား
အလင်းခေတ်လား
သဲသဲကွဲကွဲ ပြဌာန်းမထား
မတရားမှုများတဲ့ခေတ်ကြီးထဲ
နိုင်ငံတော်ဟာ သေလုမျောပါး
လက်တလုံးခြား သွေးစွန်းပေခံနေရတယ်
အမှောင်ထဲဆွဲချမယ့်လက်တွေ
ငရဲကျမယ့်အသက်တွေ
ပါဏာတိပါတကံကျူးလွန်သူတွေ
မုသာဝါဒကံကျူးလွန်သူတွေ
ခြုံငုံပြောရရင်
ကံငါးပါးစလုံးကျူးလွန်သူတွေ
နိုင်ငံတော်မှာ ပေါတယ်
ယမ်းငွေ့တွေ
အဆိပ်ငွေ့တွေကြား
နိုင်ငံတော်မှာ
လူသားဆန်မှုများ
ပျက်သုဥ်းပျောက်ကွယ်နေပြီလား
ဝိုင်းကူဖေးမလို့
နိုင်ငံတော်ကို ပြန်ထူကြမယ်
မတရားမှုကို
ဘယ်တော့မှ
အံကြိတ်ပြီး သည်းမခံနိုင်ဘူး
ကျေးဇူးပြုပြီး
နိုင်ငံတော်ကို စောင့်ရှောက်ပေးကြပါ ။ ။
ကျော်သုခမွန် ( မကွေး )
Done!
ReplyDeleteDone
ReplyDelete