အဝေး.....


ကျွန်မ  မျှော်ငေးကြည့်မိတယ်

အိမ်ပြင်ဘက် ပြတင်းလေးရဲ့အဝေး


အဲ့မှာ အနာဂတ်တွေ

 မှိန်ပြပြ အားတင်းလက်နေဆဲ


အဲ့မှာ အိပ်မက်တွေ

စမ်းတဝါးဝါး လမ်းလျှောက်နေကြရဲ့


အဲ့မှာ ဘီလူးသဘက်တွေ

အသွေးအသား တချို့စုပ်ယူနေကြလျှက်


အဲ့မှာ ကလေးငယ်တချို့

ဆာလောင်မွတ်သိပ်ရင်း အကာအကွယ်ကင်းမဲ့လျှက်


အဲ့မှာ မီးလောင်တစပြင်အချို့

အငွေ့တလူလူ ပြာဖုံးနေကြရဲ့


အဲ့ကနေ အပေါ်ကို မော့ကြည့်မိတော့

ကြယ်ကလေးတချို့က လှမ်းပြုံးပြတယ်

ကျွန်မ ပြန်ပြုံးပြရင်း

သူတို့ကို စကားတစ်ခွန်းလှမ်းပြောခဲ့မိတယ်

ကြယ်လေးတွေရယ်..….

 ရှင်တို့ စောစောကြွေသွားခဲ့ရတာ

ကျွန်မ သိပ်အားနာမိပါရဲ့....


သူတို့ ပြုံးရင်း...….

သူတို့ လက်သုံးချောင်းထောင်ရင်း.....

တဖြည်းဖြည်း ...ထွက်ခွာသွားကြတယ်

ပြတင်းပေါက်လေးရဲ့

 ဝေးသထက် အဝေး.…..

ဟိုး.…..အဝေး.....

         

                  


နွေအိပ်မက်

Comments

Post a Comment

Popular posts from this blog

သင်တို့ဘုရားငါမဖူး - ကဗျာ

Revolution Reviews

ပြောလိုက်ပါဘိ ဟောပါဘိ