စက်ဘီးပိုင်ရှင်သူငယ်ချင်းသို့
သူငယ်ချင်းရေ
မိုးသားတွေညိုတိမ်တွေပြိုလို့
ဒို့ရွာလည်းကုန်ပြီသူငယ်ချင်းရေ !
မင်းတစ်နေ့အိမ်ပြန်အချိန်ရောက်လို့
ရွာလည်လမ်းဘေးက
မင်းအိမ်ကိုလည်း မရှာနဲ့
မင်းအိမ်နဲ့မဝေးတဲ့
ငါ့ဘိုးဘွားအိမ်လည်း မမေးနဲ့
ရွာဦးထိပ်က ဘကြီးဘုန်းကြီးကျောင်း
တိုင်ကိုလည်းယောင်လို့တောင်မကြည့်နဲ့
တစ်ရွာလုံးပြောင် ကွင်းခေါင်ခေါင်မှာ
မီးခိုးငွေ့ငွေ့ မင်းလှမ်းလို့တွေ့မယ်
အဲဒါငါတို့ငယ်က မူလွန်ကျောင်းလေးဘဲ
ငါတို့ရွာလေးကျန်တာဆိုလို့
ချောင်းရိုးဘေးက ထန်းတောနဲ့တဲလေးရယ်
မလှမ်းမကမ်းမှာ မင်းထားခဲ့တဲ့
မင်းရဲ့စက်ဘီးအိုလေးရယ်
ဆိတ်သုန်းကာလူသူကင်းမဲ့နေတဲ့
ရွာချင်းဆက် ရွာအဝင်လမ်းလေးရယ်
မုန်ပြပြတမာပင်တန်းဆီက
လူမနေရဲတဲ့”တဲအိမ်”တစ်ချို့ရယ်
မင်းတို့သိပ်ချစ်လှပါတယ်ဆိုတဲ့
အရောင်ရောလျက်အသွေးစုံတဲ့
ငါတို့ရွာတွေကို လူစိတ်ပျောက်သုဉ်း
ဟိုခွေးတစ်အုပ်မွှေကာ မီးတင်လို့
ကုန်ပြီ ငါ့ကောင်ရေ…..!
ရေးသူ ~၅မျဉ်းဇောင်းအညာသားစစ်စစ်
ဓာတ်ပုံအညာသူတစ်ယောက်လက်ရာ
Fighting
ReplyDeleteClick.
ReplyDeletemorning
ReplyDelete😪😪😪
ReplyDeleteDone
ReplyDelete