တော်လှန်သူ

 

ဘယ်နေရာ ဘယ်ဒေသ 

မမြင်ရ မသိပါ 

သစ္စာမြေ အမှန်တရား 

စိတ်ထားကြည်ဖြူ 

ရင်ဘတ်တူ ပြည်သူချင်းက

သွေးခြင်း အတူတူ

မမှန်မကန် မတရားအတွက်

ဓါးဆွဲ ထွက်ချင် သူ 

တော်လှန်သူ စာသမားမို့

ကဗျာ ရေး ၍ ကူ 


လူတိုင်းကို

မနက် အိပ်ယာထချိန်မှာ 

ကောင်းမွန်စွာ

နိုးထခွင့်ရပြီး

ညအိပ်ယာဝင်ချိန်မှာ

ကောင်းမွန်စွာ

အိပ်စက်ခွင့် ရစေချင်တယ်

 


San Zuren 🌸

Comments

  1. ..ခေတ်ဆိုးစနစ်ဆိုးထဲမှာမွေးဖွားလာတယ်.

    ..ဟိုးအနာဂတ်အတွက်တွေးပြီပူမနေတော့ဘူး.ပြီးခဲ့တဲ့အတိတ်နေ့ရက်တွက်လဲနောင်တမရချင်တော့ဘူ..

    ..နက်ဖြန်အတွက်သေချာတဲ့အနာဂတ်ဘယ်သူဆီမှရှိမနေဘူး..

    -ဒီနေ့ကငါတို့အတွက်အကောင်းဆုံးနေ့ပဲ..

    ..သေချာတာထက်ပိုသေချာတဲ့အလုပ်တစ်ခုကိုဆွဲမြဲလုပ်နေတယ်..

    ..ယုံကြည်တာထက်ပိုယုံကြည်ရသူတွေနဲ့လက်တွဲလုပ်နေတယ်..

    ..အနာဂတ်ဟာ တောက်ပနေလားမှေးမှိန်သွားမလားမတွေးဖြစ်ဘူး..

    ...ကြွေသွားတဲ့ကြယ်တွေကိုအာနာလို့....

    .. I was born into a bad time bad system..

    ..I no longer worry about the future, and I do not want to regret the days that have passed..

    ..No one has a secure future for tomorrow..

    ..Today has been a wonderful day for us..

    ..I choose to do more specific tasks..

    ..I working with people I trust more than I believe ..

    ..I do not think the future is bright or gloomy..

    .. Empathy for pain upset of the falling stars..

    ............❤Htet.............

    ReplyDelete
  2. ဝမ်းနည်းစရာတွေက ဆက်တိုက်ပဲ
    ဒါပေမယ့် ငါတို့ မငိုဘူး
    အိမ်မက်တွေအတွက် ပြုံးထားပါတယ်...

    ReplyDelete

Post a Comment

Popular posts from this blog

သင်တို့ဘုရားငါမဖူး - ကဗျာ

Revolution Reviews

ပြောလိုက်ပါဘိ ဟောပါဘိ