ကမ္ဘာမြေဟာ လည်ပတ်နေအုံးမှာ



နှုတ်ဆက်စကားတွေကို အမုန်းဆုံးဘဲ

သို့သော် ခွဲခွာခြင်းဟာ ကျွန်တော်တို့နဲ့

အမြဲပုခုံးဖက်ပေါင်းနေတဲ့ဘော်ဒါဘဲ

လက်ဖက်ရည်ဆိုင်ထဲထိုင်

ကမ္ဘာကို အမြင်မျိုးမျိုးနဲ့ဆွေးနွေးကြတယ်


ရေစက်ဆိုတဲ့ ကံတရားရဲ့သတ်မှတ်မှုအောက်

ခဏတာကိုတစ်သက်စာမှတ်ပြီး မြူးတူးကြ

ကဗျာဆရာဟာ ရင်ကိုလှပ်ထားရပါတယ်

သေခြင်းတရားကို မေ့သင့်သလောက်မေ့


အချိန်တွေဟာ အမြဲလည်ပတ်နေတယ်

ကမ္ဘာမြေဟာအမြဲလည်ပတ်နေတယ်

ရာသီတွေဟောင်းဟောင်း

နေ့ရက်တွေပြောင်းပြောင်း

အမှတ်တရဟာလည်း

အခိုက်အတန့်တွေကြားညှပ်နေမှာ


-ကျွန်တော်

Comments

Post a Comment

Popular posts from this blog

သင်တို့ဘုရားငါမဖူး - ကဗျာ

Revolution Reviews

ပြောလိုက်ပါဘိ ဟောပါဘိ