"ဆည်းဆာ"




စီးဆင်းနေသော မြစ်၏နံဘေးတွင်

လွမ်းဆွေးနေသည့် ကမ်းပါးတွေရှိသည်။


တစ်ဦးနှင့်တစ်ဦး အမှန်ချစ်လျှင်

ငှက်ကလေးတွေပင်

အတူပျံသန်းခွင့် ရပါသည်။


တခါရံ၌ တိမ်တွေလှပခဲ့သည်ကို

တဘဝလုံး မျှော်တွေး၍

ကောင်းကင် ငေးသူ။


အဝေးမှညနေသည်

အတောင်ပါသော အလွမ်းများပင်ဖြစ်သည်။


ချစ်သူချင်းပေါင်းရသော ကမ္ဘာ၌သာ

လူ အဖြစ်ကို ကျွန်တော်ရလိုသည်။


ချစ်သူချင်းပေါင်းရသော ကမ္ဘာ၌သာ

လူ့ အဖြစ် ကိုကျွန်တော်ရလိုသည်။ 


- မောင်သိန်းဇော်

Comments

Post a Comment

Popular posts from this blog

သင်တို့ဘုရားငါမဖူး - ကဗျာ

Revolution Reviews

ပြောလိုက်ပါဘိ ဟောပါဘိ