သေတမ်းစာ


အမြဲ သေနတ်ကိုင်မယ် တရဲရဲတကျက်ကျက်

မင်းသတ္တိကိုချီးကျုး‌တာနဲ့အတူ

နောက်ကွယ်က ကြိုးကိုင်တဲ့စွဲလမ်းခြင်းအတ္တ

ရင်ထဲပေါက်လာတဲ့ မီးပွားများရယ်


ဖုန်းမြည်သံတစ်ဖက်မှာ

သူမ အားနာနာနဲ့ပဲပြောခဲ့တဲ့ ဤစကား

မီးလောင်ရာ လေပင့်လို့ပဲ

ရင်ထဲက အချစ်တောအုပ်မီးစွဲသွားခဲ့ပြီလား


အဆုတ်ထဲ နီကိုတင်းငွေ့တွေဖြည့်

အစာအိမ်ထဲမယ် ဇိမ်ခံရည်တွေဖောင်းပွလို့ပေါ့

လက်ကတော့ ဆက်ဆက်၍ရေးနေတဲ့

တစ်ရွှက်ပြီးတစ်ရွှက်သော ကဗျာညံ့တွေ

ဪ တောအုပ်မီးလည်း မငြိမ်းနိုင်သေးပေဘူး

အရက်တွေ စစ်ကူလိုက်ပြန်ဦး


"ဖျောက်"

ခြောက်အိပ်မက်တွေလား

မင်းမရှိတော့ဘူးတဲ့ကွာ

ကဗျာ

ကဗျာ

ကဗျာတွေ...

ရင်ထဲက တောအုပ်လည်း ပြာပုံသာသာပဲ စွဲထင်ပေလေရဲ့

မက်ဆေ့ခ်ျ တစ်ချက်အဝင်

အိပ်မက်ဆိုးတောင် မဟုတ်‌ပြန်ဘူးလေတဲ့


သွေးကြွေးသီချင်းတွေ ဟစ်ကာဆိုလို့

မင်းအနားမှာ ငိုနေတဲ့မိသားစုဝင်တွေကြား

တိုးလို့မဝင်

ငါ့Existenceပျောက်ဆုံးသွားပြီ

ငါဟာ ဘာဆိုဘာရယ်

မကျန်တော့ဘူးရယ်


မင်းစတိုင်လ်လုပ်ရိုက်ခဲ့တဲ့ ဓါတ်ပုံထဲက ‌သေနတ်လေးတွေ့တော့ ငါခိုးလာတယ်

ခေါင်းတိုင်ကနေ မီးခိုးတွေဝဲလို့သွားပြီ

ငါလာပြီအချစ်ရေ


“ဒိုင်း”


Tommy

Comments

  1. -ပို၍လှတဲ့မနက်ခင်းလေးတစ်ခုပိုင်ဆိုင်ချင်တယ်...
    -ဒီနေ့ထက်ပိုလှတဲ့သောက်ကြာနေ့ကိုရောက်ချင်တယ်...

    -အနာဂတ်မှာရင့်ကျက်ပြီးတည်ငြိမ်တဲ့သူတယောက်လောက်ပဲမိတ်ဖွဲ့ချင်တော့တယ်...

    -နောက်ကျောဓားနဲ့ထိုးဖို့စောင့်နေတဲ့သူငယ်ချင်းအမည်ခံလေးတွေလဲမေ့ပစ်ချင်တယ်....

    -ဟာလာဟင်လင်း ရင်ဘတ်ကြီးကိုလဲ ချစ်တတ်အောင်ကျင့်ပေးခြင်တယ်...

    -ပန်းရနံ့သင်းပျံနေတဲ့ ခရမ်းရောင်အိပ်မက်လေးတစ်ခုလောက်ပဲမက်ချင်မိတော့တယ်...

    -လေးလံနေတဲ့စိတ်တွေကို သဘာဝတရားကြီးဆီလက်ဆောင်ပေးလိုက်ချင်တယ်...

    -ဒီနေ့ထက်ပိုသင့်တော်တဲ့ရင့်ကျက်မှုတစ်ခု မနက်ဖြန်ငါပိုင်ဆိုင်ချင်ပြီ....

    -အားလုံးထက် ပိုကောင်းတဲ့စိတ်လေးထားဖို့ ငါကြိုးစားနေဆဲ...

    -တခြားသူမဟုတ်တဲ့မင်းဆီက အကြင်နာစကားလေးလဲကြားဖူးချင်တယ်.......

    I want to have a more beautiful morning ...
    I want to have a better friday than today ...

    I want to make friends with someone who is mature and stable in the future ...

    I also want to forget the names of my friends who are waiting to be stabbed in the back...

    - I want to train my heart to love In my bosom that no longer feel anything like robots...

    I just want to have a purple dream that smells like flowers ...

    I want to give a heavy heart as a gift to nature ...

    Tomorrow I want to have a more appropriate maturity than today ....

    I'm still trying to be a better person ...

    I want to hear a kind word of love from you who is not someone else .......

    ............❤Htet............

    ReplyDelete
  2. ဟိုးးးရှေ့မှာ စောင့်ကြိုနေတယ်
    ကျနော်တိူ့ရဲ့ လှပတဲ့အနာဂတ်လေးးး

    ReplyDelete

Post a Comment

Popular posts from this blog

သင်တို့ဘုရားငါမဖူး - ကဗျာ

Revolution Reviews

ပြောလိုက်ပါဘိ ဟောပါဘိ