ဖေဖော်ဝါရီခြေထောက်အပြတ်
ဖေဖော်ဝါရီမှာခြေထောက်အပြတ်တွေ ဖွားမြင်ကြတယ်။
ခြေထောက်အပြတ်နဲ့ အလံနီတွေ ထူကြ။
အဲ့ဒီခြေထောက်အပြတ်နဲ့ မျက်ရည်စတွေ သုတ်ကြ။
ခြေထောက်အပြတ်နဲ့ စခန်းကုန်းပေါ် ပြေးတက်ကြ။
အဲ့ဒီခြေထောက်အပြတ်နဲ့ အမေ့အိမ်စီ ပြန်ကြ။
ခွေးခြေကို နှဲ့ရင်းထိုင်နေတဲ့ မီးဖိုခန်းထဲက ခြေထောက်အပြတ်။
သံချပ်ကာကားပေါ်က လီဗာနင်းနေတဲ့ခြေထောက်အပြတ်။
ဓမ္မတေးဆိုနေကြတဲ့ ဘုရားကျောင်းထဲက ခြေထောက်အပြတ်။
တောင်ဇလပ်ပွင့်တွေကြား အေးခဲနေတဲ့ခြေထောက်အပြတ်။
ယာယီဆေးကုခန်းထဲ သံဗုဒ္ဓေ ရွတ် နေတဲ့ ခြေထောက်အပြတ်။
စစ်ရဲ့ရပ်ရွတ်သံများကြား နှစ်ပါးသွားကနေတဲ့ ခြေထောက်အပြတ်။
ခေါင်ကျရည်ကြိုက်တတ်တဲ့ ဒီမော့ဆိုကခြေထောက်အပြတ်။
မန္တလေးနန်းရှေ့က ကွန်ဒုံးစွပ်ထားတဲ့ ခြေထောက်အပြတ်။
ဗိုလ်အောင်ကျော်လမ်းပေါ်က မီးပွိင့်မိနေတဲ့ ခြေထောက်အပြတ်။
လက်ပံပွင့်အနီရဲရဲနဲ့ ယင်းမာပင်က ခြေထောက်အပြတ်။
နှင်းဆီပွင့်ထိုးထားတဲ့ ခေါင်းတလားထဲကခြေထောက်အပြတ်။
ယမ်းငွေ့ တွေ ဖူးပွင့်နေတဲ့ ငါ့ ပျောက်ကျားဘောင်းဘီအောက်က ဖေဖော်ဝါရီခြေထောက်အပြတ်။
တိမ်သေ (၁၈/၅/၂၂)
ဆီသို့စာစဉ်
Done
ReplyDeleteDone
ReplyDeleteစိတ်ဒဏ်ရာဆိုတာ
ReplyDeleteသွေးလည်းမထွက်ဘူး
ကုလို့လည်းမရဘူး