" Deat Sea "



ခေါ်သံတွေလား

နားထဲမှာကြားနေမိဆဲ

မနေ့တစ်‌နေ့ကလို

မနေ့တစ်နေ့ကထက်လည်းပို


စည်းချက်မှန်မှန်စုတ်ချက်မ‌ျားနဲ့

စားပွဲပေါ်ကနာရီလက်တံများဟာ

မင်းချန်ထားရစ်ခဲ့တဲ့

သင်္ခါရအရိပ်အငွေ့များလား


တည်နေဆဲစိတ်ကိုငြှိမ်းသက်ဖို့

အမှတ်တရတွေကလွဲရင်

သက်ရှိအဖြစ်ဟာ 

ထင်ရှားမရှိတော့


အဲဒီအမှတ်တရတွေနှင့်ထပ်တူ

မြေအောက်ကမ္ဘာမှာနစ်ဝင်သွားတဲ့

မင်းကိုယ်ခန္ဓာဟာ 

ကောင်းကင်ယံမှာ... 

ကြယ်စင်မ‌ျားလို လင်းလိုလတ်လို့


သေဆုံးခြင်းကိုစီးနင်းပြီး

မင်းရှိရာအရပ်ဒေသဆီ

ငါ...ဆိုက်ရောက်လာလိုပါတယ်


မင်းနဲ့ငါ့ကြားမှာ

ခြားနားသွားတဲ့မှန်တစ်ချပ်ဟာ 

အစွန်းအထင်းမရှိ 

တအိအိညွတ်ကိုင်း

ငါတို့တကယ်ဝေးသွားခဲ့ပြီဆိုတဲ့အသိဟာ

ကျကွဲဖို့ တကယ်ထိုက်တန်ခဲ့လာ


လမ်းတစ်ခုတည်းရဲ့

တစ်ယောက်သွားရပ်ကွက်ဆီမှ

တတိယလူဖြစ်သွားသူဟာ

လမ်းရဲ့အပြင်ကိုငေးမောဆဲ


အမှောင်မိုက်ဆုံးညရဲ့ကြယ်တစ်ခတ်ဟာ

သစ်ငုတ်တိုတစ်ခုရဲ့ရာဇဝင်ပေ့့ါ

နေမဝင်ညတွေထိုးကြွေးပြီး

မင်းမပါဝင်တော့တဲ့နံနက်ခင်းကိုနိုးထလာရခြင်းဟာ

ငါ့ရှင်သန်ခြင်းကို ယုတ်လျော့စေခဲ့တယ်


အို... အသျှင်

အစိုးမရခြင်းအစိုးရသော

ဧရိယာပြင်ပရောက်ရှိနေသော

ငြိမ်သက်စွာတိတ်ဆိတ်နေသော

ဆူလောင်စွာပွတ်လောရိုက်နေသော

ရေသေနှင့်တူသောခံစားမှုမဲ့နံနက်ခင်းများ

ဘယ်သောအခါမှမတွေ့မြင်ရပါစေနဲ့အရှင်ဘုရား။


ဖီးနစ်ငှက်ငယ်_ဖန်ခါးမြေ

PoetryZone

Comments

  1. ..ခေတ်ဆိုးစနစ်ဆိုးထဲမှာမွေးဖွားလာတယ်.

    ..ဟိုးအနာဂတ်အတွက်တွေးပြီပူမနေတော့ဘူး.ပြီးခဲ့တဲ့အတိတ်နေ့ရက်တွက်လဲနောင်တမရချင်တော့ဘူ..

    ..နက်ဖြန်အတွက်သေချာတဲ့အနာဂတ်ဘယ်သူဆီမှရှိမနေဘူး..

    -ဒီနေ့ကငါတို့အတွက်အကောင်းဆုံးနေ့ပဲ..

    ..သေချာတာထက်ပိုသေချာတဲ့အလုပ်တစ်ခုကိုဆွဲမြဲလုပ်နေတယ်..

    ..ယုံကြည်တာထက်ပိုယုံကြည်ရသူတွေနဲ့လက်တွဲလုပ်နေတယ်..

    ..အနာဂတ်ဟာ တောက်ပနေလားမှေးမှိန်သွားမလားမတွေးဖြစ်ဘူး..

    ...ကြွေသွားတဲ့ကြယ်တွေကိုအာနာလို့....

    .. I was born into a bad time bad system..

    ..I no longer worry about the future, and I do not want to regret the days that have passed..

    ..No one has a secure future for tomorrow..

    ..Today has been a wonderful day for us..

    ..I choose to do more specific tasks..

    ..I working with people I trust more than I believe ..

    ..I do not think the future is bright or gloomy..

    .. Empathy for pain upset of the falling stars..

    ............❤Htet.............

    ReplyDelete

Post a Comment

Popular posts from this blog

သင်တို့ဘုရားငါမဖူး - ကဗျာ

Revolution Reviews

ပြောလိုက်ပါဘိ ဟောပါဘိ