"အချစ်ဘွဲ့ "

စိတ်မကောင်းပါဘူး

အဲသလိုလွဲသွားခဲ့ရတာ

" ဘောလုံးဟာ ဘယ်ကိုလိမ့်သွားသလဲ " တဲ့ 

ကဗျာတစ်စ…

ငါ့မှာ ရွတ်သမိပါတယ်


ဘယ်သိမှာလဲ

မဟုတ်ဘူးလား


လူတွေ ဇာတ်လမ်းတွေ အကတွေ အချစ်တွေ

ထိုင်ငေး

တစ်သက်လုံး အာသာငမ်းငမ်းဖြစ်

တစ်သက်လုံး ဘာမှမရ


ငါ စာအုပ်ဖတ်မယ်

ငါ စဉ်းစားခန်းဝင်မယ်


နောင်တစ်ကြိမ်တစ်ခါ

သို့မဟုတ် အကြိမ်ကြိမ်အခါခါ

ကျွန်တော့်ကို ငြင်းပယ်နိုင်ပါတယ်


သို့သော်…

မင်းကို ငါချစ်တယ်


-အောင်ချိမ့်

Comments

Post a Comment

Popular posts from this blog

သင်တို့ဘုရားငါမဖူး - ကဗျာ

Revolution Reviews

ပြောလိုက်ပါဘိ ဟောပါဘိ