" အသက်တစ်ချောင်း ရှင်သန်ရေး "



လူစျေးကျ


သေနတ်က စျေးတက်


ခေတ်ပျက်ကြီးထဲမှာ ။


လယ်သမား စပါးရှာမတွေ့


အလုပ်သမား လုပ်အားပျောက်


စစ်စုံထောက်တွေ ကြီးစိုး


သူခိုးတွေသာ ခေတ်ထ


ဝေမျှစားသောက် မှောက်မှောက်မှားမှာ


မတရားတဲ့ ခေတ်ကြီးမှာ ။


တက္ကသိုလ်ကြီးတွေ သင်္ချိုင်းရောက်


ပလတ်စတစ်စုတ် ကောက်နေရတဲ့ တို့ကလေးငယ်


ထွက်ပေါက်လွယ်ပါ့မလား ။


လူအသက်တွေနဲ့


အဏာစက် တိုင်ထောက်တာဟာ


တည်ဆောက်ရေး မဟုတ်ပါ ။


အသက်မဲ့နေတဲ့ ဒီခေတ်ကြီးထဲ


မင်းဘယ်လို အသက်ရှင်အောင် မွေးမလဲ ။


တင်မိုး ( ၁၉.၇.၂၀၀၂ )

ကမ္ဘာကဗျာနေ့

ဆီသို့စာစဉ်

Toward_Journal

Comments

Post a Comment

Popular posts from this blog

သင်တို့ဘုရားငါမဖူး - ကဗျာ

Revolution Reviews

ပြောလိုက်ပါဘိ ဟောပါဘိ