သဲနာရီ
ဒုက္ခကိုပျားရည်ဆမ်းတာ
သစ်သီးကိတ်တလုံးဖြစ်မလာပေမဲ့
ချာလီချက်ပလင်မျက်ရည်ကျတော့
လူတွေကရီကြတယ်။
တကယ်မငတ်ဖူးခင်တုန်းကတော့
ဖိနပ်ကိုစွတ်ပြုတ်လုပ်သောက်တာ
ရီစရာပေါ့အချစ်ရယ်၊
မြစ်ဟာ တံတားအောက်မှာ ပြန်ကွေ့ဖို့မလွယ်
နာကျင်မှုမှာ ပိတ်ရက်မရှိ
ပျော်ရွှင်ဖွယ်ကောင်းသော ဖုန်းမမြည်၊
ဟယ်လင်
မင်းပဲမှားသလား၊ ငါပဲမှားသလား
စစ်ပွဲကတော့ဖြစ်ခဲ့ပြီ။
-နှင်းခါးမိုး
Done
ReplyDeleteဖိနပ်ကို စွပ်ပြုတ်လုပ်သောက်လို့ရတာလား
ReplyDelete