အရေးပါလာတဲ့ လူထုစည်းရုံးရေး
လက်ရှိနိုင်ငံရဲ့ ပဋိပက္ခအခြေအနေဟာ ပိုမိုပြီးအရှိန်တက်လာနေတာကို တွေ့ရမှာဖြစ်ပါတယ်။အညာဒေသရဲ့ တော်လှန်ရေးဟာလည်းစစ်ကောင်စီရဲ့ ထိုးစစ်တွေကြောင့် အထိအခိုက်များနေသလို ပိုမိုပြင်းထန်လာတာ ကိုလည်း မျက်မြင်တွေ့နေရပါပြီ။ အရင်တုန်းက အညာဒေသတစ်ခုတည်းသာ အပြင်းအထန်တော်လှန်နေရသလိုဖြစ်ပေမဲ့ လက်ရှိအချိန် တဟုန်ထိုး ပြင်းထန် လာတဲ့ တောင်ပိုင်းစစ်ရေး ရှမ်းမြောက်စစ်ရေး၊ ရခိုင်ဒေသစစ်ရေးနဲ့ ကရင်နီဒေသစစ်ရေးတို့ ကြောင့် စစ်သံဟာ ပိုမိုကျယ်လောင်လာခဲ့ပါတယ်။
ဒီလိုစစ်ရေးအခြေအနေပြင်းထန်နေစဉ်မှာပဲ စစ်ကောင်စီဟာ နိုင်ငံရေးတည် ဆောက်မှုတွေကို အခွင့်ကောင်းယူ လုပ်ဆောင်နေတာလည်းရှိပါတယ်။ တချို့အိမ်နီးချင်းနိုင်ငံတွေနဲ့ ဆက်ဆံရေးတည်ဆောက်တာ စီးပွားရေးတည်ဆောက်တာတွေလည်းအပြင်းအထန်လုပ်ဆောင်နေကြပါတယ်။
အဲလိုပဲ ပြည်တွင်းနိုင်ငံရေးပါတီတွေ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ပြည်သူတွေကိုလည်း နည်းမျိုးစုံသုံးပြီး အပြင်းအထန် စည်းရုံးနေပါတယ်။ စစ်ရေးအခြေအနေမှာ အင်အားကောင်းလာပေမဲ့ နိုင်ငံရေးအခြေအနေမှာ တချို့တွေလက်လွှတ်နေရတာတွေလည်း အထူးသတိထားရမဲ့အခြေအနေပါ။
ဒီလို စစ်ရေးနို်ငငံရေးအားပြိုင်နေကြတဲ့အချိန်မှာ အရေးကြီးလာတာက ပြည်သူလူထုဖြစ်ပါတယ်။ ပြည်သူလူထု အနေနဲ့ဘယ်သူ့နောက်ကိုလိုက်မှာလဲ ဆိုတာက အခရာကျပါတယ်။ အမှန်အတိုင်းပြောရမယ်ဆိုရင် အညာ ဒေသ ပြည်သူလူထုကလွဲလို့ တခြားဒေသက ပြည်သူလူထုတွေဟာ စစ်ကောင်စီ နောက်ကိုပဲ လိုက်ဖို့ပြင်ဆင် နေကြတာဟာ အရေးတော်ပုံ အတွက် စိုးရိမ်စရာ ဖြစ်ပါတယ်။ ဒါကြောင့် တော်လှန်ရေး သမားတွေ အနေ နဲ့ ပြည်သူလူထုကို ဘယ်လိုနည်းလမ်းတွေနဲ့စည်းရုံးမလဲဆိုတဲ့ စည်းရုံးရေး မဟာဗျူဟာကို စနစ်တကျ ရေးဆွဲဆောင်ရွက်သင့်ပြီဖြစ်ကြောင်းအကြံပြု တင်ပြလိုက်ရပါတယ်။
အယ်ဒီတာ
တူမီးတော်လှန်ရေးစာစဥ်
အမှန်ပေါ့ဗျာ
ReplyDeleteDone
ReplyDelete