"ကျေးဇူးတင်ပါတယ်"
ညစ်ပတ်တဲ့သူနဲ့တွေ့လေလေ
ပိုပြီးဖြူစင်ချင်လာလေလေ။
ကောက်ကျစ်တဲ့သူနဲ့တွေ့လေလေ
ပိုပြီးဖြောင့်စင်းချင်လာလေလေ။
ရိုင်းပျတဲ့သူနဲ့တွေ့လေလေ
ပိုပြီးသိမ်မွေ့ချင်လာလေလေ။
ဒေါသကြီးသူနဲ့တွေ့လေလေ
ပိုပြီးအေးချမ်းချင်လာလေလေ။
မာနကြီးသူနဲ့တွေ့လေလေ
ပိုပြီးနှိမ့်ချချင်လာလေလေ။
နယူတန် ပြောခဲ့သလို
သက်ရောက်မှုတိုင်းမှာ
တန်ပြန်သက်ရောက်မှုတစ်ခုရှိမယ်ဆို
ကိုယ့်အပေါ်သက်ရောက်မယ့်မြားစူးအတွက်
ကိုယ့်ရဲ့တန်ပြန်သက်ရောက်မှုက
ပန်းပွင့်တွေပဲ ဖြစ်စေမယ်။
သူတစ်ပါးရဲ့ထိခိုက်နာကျင်မှုကို
လျော့ပါးသက်သာစေချင်တဲ့စေတနာလေးတွေ
မွေးဖွားလာစေလို့ကိုပဲ
ဒါဏ်ရာအနာတရပေးခဲ့သူတိုင်းကို
ကျေးဇူးတင်တယ်။
kams
အမှန်ပါဗျ
ReplyDeleteပြသနာဆိုတာရှိမှ
သင်ခန်းစာဆိုတာလဲရတာ
Done
ReplyDelete