ရဲဘော်မှ ရဲဘော်သို့

 

ဘဝအ‌ကြောင်းစုံအောင် ငါသိခဲ့ပြီရဲဘော် 

ငါတို့ဟာသမိုင်းကပေးတဲ့ တာဝန်တွေ 

ယူထားကြတဲ့ လူတွေပဲရဲဘော်....

ရှင်သန်ခြင်းရဲ့ အဓိပ္ပာယ်ကို

မြင်နိုင်သမျှမြင်ခဲ့ရပြီလေ....။

ရှေ့ရှောက်အကောင်းဆုံးတွေလာဖို့ 

ဘုရားသခင်စီ ဆုတောင်းရဦးမယ်

ကြုံလာခဲ့တဲ့ အခက်ခဲတွေကို

မင်းလျှောက်တဲ့လမ်းမှာ အသုံးချဖို့မမေ့နဲ့...။

ငါတို့တွေက မိသားစုတွေ....

နယ်ပယ်မတူဘူးနေရာမတူဘူး အသက်အရွယ်ကစပေါ့...

ရင်ဘတ်ခြင်းတော့ တူတယ်ရဲဘော်..။

အာဏာရှင်ကိုတော်လှန်ဖို့ ငါတို့တွေမိသားစုဖြစ်ရတယ်...

အာဏာရှင်ကို  ချေမှုန်းဖို့အတွက်..

ငါတို့ကလက်နက်ခဲယမ်းဆိုတာလည်း မမေ့နဲ့ရဲဘော်..

နွေးဦးမှာငါတို့ရဲ့ကြယ်တွေ အတုံးအရုံးဆုံးရှုံးခဲ့တယ်

နွေးဦးဟာ ငါတို့ပေါ်ရက်စက်ခဲ့တယ်ရဲဘော်ရေ...

အံကြိတ် တောက်ခေါက်ယုံနဲ့ပြီးမှာ မဟုတ်ဘူး

ဆုံးရှူံးသွားတဲ့ကြယ်တွေ ကြွေကျသွားတဲ့ပန်းတွေ

သူတို့တွေဟာ ငါတို့ရဲ့အာဇာနည်တွေပဲ.........။

ကဲအခုလွတ်လပ်ခြင်းနဲ့ တရားမျှတမှုအတွက်

ငါတွေလက်နက်ကိုင်ကြရတော့မယ် ရဲဘော်...

ရဲဘော်လွတ်လပ်ခြင်းနဲ့ တရားမျှတမှုအတွက်

ငါတို့ရဲ့ အသက်ကိုပေးဆပ်ရဦးမယ် ရဲဘော်.......။


ရဲဘော်16.

Comments

Post a Comment

Popular posts from this blog

သင်တို့ဘုရားငါမဖူး - ကဗျာ

Revolution Reviews

ပြောလိုက်ပါဘိ ဟောပါဘိ