စတော်ဘယ်ရီ နဲ့ စီးကရက် ၁


တစ်ဖက်က ချိုမြိန်မှု

တစ်ဖက်က ပြင်းရှမှု

ဆန့်ကျင်ဘက်တွေနဲ့တွဲဖက်ရေး

စတော်ဘယ်ရီဟာလည်း

ချိုမြိန်သလို စွဲလန်းတယ်

စီးကရက်ဟာလည်း

ပြင်းရှသလောက် စွဲလန်းတယ်

နှလုံးသားအလယ်တည့်တည့်

စိုက်နစ်သွားတဲ့ အပြုံးတစ်ပွင့်ကိုရော

ဘာအရသာလို့သတ်မှတ်ကြမလည်း

မင်းနှုတ်ခမ်းက တပ်မက်ချင်စရာအပြည့်

ဗုဒ္ဓဟောကြားတဲ့တရားတွေထဲ

အချစ်နာကျခြင်းတရားပါလား

သေချာတာတစ်ခုကတော့

Julyရဲ့မိုးစက်တွေနဲ့အတူ

ကိုယ်ရဲ့မပျော်ရွှင်မှုတွေလည်း 

တရပ်စပ်ရွာသွန်းနေမယ် ပျိုပျိုမေရယ်...


-ကျွန်တော်

Comments

Post a Comment

Popular posts from this blog

သင်တို့ဘုရားငါမဖူး - ကဗျာ

Revolution Reviews

ပြောလိုက်ပါဘိ ဟောပါဘိ