သုနာပရန်တ ( ၃ )
မင်းလည်း အဒမ်စမစ်ကိုမဖတ်ဖူးဘူး
ငါလည်း အရင်းကျမ်းကိုမဖတ်ဖူးဘူး
ပါရီသန်းခေါင်ယံအချိန်ပဲဖြစ်ဖြစ်
ပါရီမီးလောင်နေချိန်ပဲဖြစ်ဖြစ်
အရက်မူးနေတဲ့ပန်းချီဆရာတစ်ယောက်က
မွန်ပါနာဆေရပ်ကွက်လေးကိုချစ်သလို
မင်းကိုငါချစ်တယ်
နိုင်ငံရေးဆိုတာ
စီးပွားရေးပဲ
အချစ်ရေးဆိုတာ
လူမှုရေးပဲ
ငါတို့အခန်းလေးကို
မီးပိတ်
ငါတို့အိပ်ရာလေးကို
ဖြန့်ခင်း
စစ်ကြီးပြီးရင်
အချစ်သီချင်းလေးတွေပဲနားထောင်ကြမယ်
ချစ်သူများသာ
အဓွန့်ရှည်ပါစေ ။
/ကြည်ဇော်အေး
အချစ်လားထူးဆန်းတယ်ဗျ
ReplyDeleteအမှတ်တမဲ့ကနေ
အမှတ်တရတွေဖြစ်လာပြီး
အဲမှာပဲသည်းသည်းမည်းမညိး
မိူးတွေစွေတော့တာပဲ
Not belong with me
ReplyDeleteDONE
ReplyDelete