လူတိုင်းက ကိုယ့်ဘဝကို ရွေးချယ်ပိုင်ခွင့်ရှိကြတာပဲ

ဘယ်သူကမှ ပိုပျော်နေရတယ်ဆိုတာမျိုးလည်း မဟုတ်သလို ကိုယ်ရပ်တည်နေရတဲ့ဘဝကိုကျော်ပြီး တခြားဘဝတွေကို လှမ်းအားကျနေရင်လည်း 

လက်ရှိဘဝမှာ နေမပျော်ရုံက လွဲရင် 

ဘာမှတခြား ဖြစ်လာနိုင်ချေတော့ မရှိပါဘူး 


တစ်နေ့လုပ် တစ်နေ့စားဘဝနဲ့ပဲနေပျော်ကြပြီး 

အလှူအတန်းသွားလိုက် မရှိရှိတာနဲ့ သုံးစွဲပျော်ပါးတတ်ကြတဲ့ အခြေခံလူတန်းစားလည်း ရှိသလို 


စည်းစိမ်းတွေကြားနေရတာတောင် မလောက်မငှနိုင် ဒီ့ထက်ပိုပြီး ကြွယ်ဝချမ်းသာချင် ရှိသမျှမသုံးမစွဲနိုင်ဘဲ ပူပင်သောကရောက်နေတဲ့ ကြွယ်ဝတဲ့လူတန်းစားလည်းရှိတာပဲ 


ကလေးမရှိဘဲ နှစ်ယောက်တည်းပျော်ပျော်ရွှင်ရွှင်နေထိုင်ကြတဲ့ လင်မယားတွေလည်းရှိသလို 


မိသားစုဝင်တွေများပြီးစည်းလုံးမှုမရှိဘဲ ပြိုကွဲနေကြတဲ့ မိသားစုတွေလည်းရှိတာပဲ 


မြို့ပြကမှ ပျော်ရတာမဟုတ်ပါဘူး 

တောရွာတွေကလည်း ပျော်ရပါတယ် 


ချစ်ခြင်းမေတ္တာနဲ့ လူသားဆန်မှုကို လူလတ်တန်းစားဆီမှာ အများဆုံး အတွေ့ရဆုံးပဲဆိုတာလည်း ငြင်းလို့ မဖြစ်ပြန်ဘူး 


ဘယ်လိုဘဝမျိုးကမှ ပျော်ရတယ်လို့ လောကကြီးက ပုံသေကားချပ်မရှိပါဘူး အဓိကက ကိုယ်ရဲ့ဘဝကို ကျေနပ်နိုင်ဖို့၊ကြိုးစားနိုင်သလောက်ကြိုးစားတတ်ဖို့နဲ့ ချစ်ခြင်းမေတ္တာအနည်းစုလေးနဲ့ နေထိုင်တတ်ရင်ရပြီ။ 


ဘယ်သူနဲ့မှ မိမိကိုယ်ကိုမနှိုင်းယှဉ်နဲ့ အရာအားလုံးမှာ သူ့ထက်သာတာဆိုတာ ရှိနေစမြဲပဲမို့ ၊တစ်ဦးတစ်ယောက်နဲ့သာခိုင်းနှိုင်းနေရင် ဘဝကဘယ်တော့မှ ပျော်ရွှင်နိုင်တော့မှာ မဟုတ်ဘူး 


လူတိုင်းဟာ ကိုယ်ရှင်သန်မယ့်ဘဝပုံစံကိုကိုယ့်ဘာသာရွေးချယ်ခွင့်ရှိတယ်၊ဘယ်သူကပိုပျော်တယ် ဘယ်သူ့ကပိုတော်တယ်ဆိုတာမရှိဘူး ငါတို့အားလုံးကလူသားတွေပဲ ကံတရားကမျက်နှာသာပိုပေးတဲ့လူနဲ့မပေးတဲ့လူပဲကွာတယ် ဒါကြောင့်ဘယ်သူ့ဘဝကိုမှမကဲ့ရဲ့နဲ့ ဘယ်သူ့ကိုမှအထင်မသေးနဲ့ ငါတို့အားလုံးက လူသားတွေပဲ ဒီ့ထက်ဘယ်သူမှ ဘာမှမပိုဘူး။ 


Nayvel

Comments

Post a Comment

Popular posts from this blog

သင်တို့ဘုရားငါမဖူး - ကဗျာ

Revolution Reviews

ပြောလိုက်ပါဘိ ဟောပါဘိ