ပြည်သူ


အမြဲတမ်းကော့နေအောင်အရိုက်ခံလိုက်ရတဲ့ 

ကျောတွေပါ


အရှိုးရာအပြည့် မနက်ဖြန်တွေအကြောင်း 

စဉ်းစားရင်း တိုး၀င်လိုက်ရတဲ့အမှောင်ထု


အောက်ဆီဂျင်ပြတ်လတ်သွားတဲ့သစ်ပင်လေးကအစ

မတော်တဆ/တမင်သက်သက် လက်နက်ကြီးထိသွားတဲ့

အိမ်ခေါင်မိုးတွေ


နိုင်ငံရေးသမားတွေကပြောတယ်

ပြည်သူဟာ အမြဲမှန်တယ်တဲ့

ဟုတ်ကဲ့

အဲ့ဒါ ပစ်မလွဲတဲ့ကျနော်တို့ရင်ဘတ်တွေပါ


ဘယ်ဘက်က ပစ်ပစ် နစ်၀င်တော့မယ့်

နှလုံးသားထဲမှာ

*တ‌စ်ရေးမှမပျော်တဲ့ည မှောင်လွန်းနေတယ် တွေ


PlugX

*ကိုနေ၀င်း နောက်ဆုံးအိပ်မက်

Comments

Post a Comment

Popular posts from this blog

သင်တို့ဘုရားငါမဖူး - ကဗျာ

Revolution Reviews

ပြောလိုက်ပါဘိ ဟောပါဘိ