ပျင်းရိမှုဟာ ငါ့ကို ရေဘဝဲတစ်ကောင်ဖြစ်စေခဲ့


ဆိုဒါနဲ့လိုက်ဖက်တဲ့ ခွက်တစ်လုံးကို ဆေးကြောသန့်စင်တဲ့အခါ လမ်းညွှန်မှုပေးခဲ့သူတွေရဲ့ခရီးသွားမာနကို နှလုံးသွင်းလိုက်မိတယ်။ ရေဟာအပြာရောင်ဖြစ်နေပြီး ကိုယ်တွင်းပိတ်အသိနဲ့ နေခဲ့ရတဲ့ဘဝကို အားငယ်စေတယ်။ အိပ်မက်ဆိုးက လန့်နိုးလာတဲ့အထိ ချွေးတွေကို သွေးတွေလို့ထင်နေတုန်း။ အော်သံကို သေချာစွာနားစွင့်လို့ ဥတုကောင်းကင်ရဲ့တထောင့်တနေရာမှာ

သက်တံခြယ်ချလိုက်ဖို့ ရွေးလို့။ ဒီကနေ့မှာ ချစ်ခြင်းမေတ္တာဟာ တစ်အောင်စအလေးချိန်ပိုစီးသွားတဲ့ ဖြစ်စဥ်ပေါ့။ စန္ဒရားကို ရွက်လှေနဲ့သယ်တော့ မုဆိုးကြီးဂရာကူးစ်ပြုတ်ကျခဲ့တဲ့ ကျောက်သားနံရံကို ရှာကြည့်မိပေါ့။ ဒီကနေ့မှာ အဝေးကပို့လိုက်တဲ့ ေလချူသီးများမှာ အနာအဆာမပါပါ။ ဝက်ဝံမည်းတစ်ကောင် ဆယ်လမွန်ငါးဖမ်းစားနေတာကို အိမ်ကိုပြန်ချင်စိတ်နဲ့ ကြည့်ကြည့်လိုက်ပါ။ ကိန်းဂဏန်းတွေအားလုံးဟာ သူ့အလိုလိုစီတန်းလာမယ့်တစ်နေ့မှာ မီးပြတိုက်ဆောက်ဖို့ ရန်ပုံငွေစာရင်းထဲမှာ ကိုယ့်အမည်ကိုယ် ပြန်ပြင်ခဲ့ပါ။ လတစ်ခြမ်းလုံး အနက်ရောင်လွှမ်းတဲ့ ထူးကဲဖြစ်စဥ်မျိုးကို မှုိတက်နေတဲ့လိမ္မော်မြှောင်းလေးကို စွန့်ပစ်ရင်း ေရာက်လာစေချင်ခဲ့တယ်။ ကျောက်ကပ်အတွက် ငဲ့ညှာသောအားဖြင့် ပုဇွန်အခွံတွေကို ပလက်စတစ်ပြောင်းတဲ့နည်းမှာ အမေ့ခံထားရတဲ့ ဝိုင်ယာလုပ်သားတွေရဲ့ ဇာတ်မျောတွေ။ ကဗျာတစ်ပုဒ်ကို ဘာခံစားချက်မှမရှိဘဲ ရေးလို့ရတယ်လို့ ပြောဖို့ ဟောဒီမှာ လိုအပ်တဲ့ မှင်သော်၊ ပန်းဥ၊ လေးညှင်း၊ ငြုပ်ကောင်း။ ပြီးတော့ အန္တရာယ်ဖြစ်စေနိုင်တဲ့အရာတွေကနေ ချောင်ခိုဖို့ တစ်ခါတည်း အားနည်းသွားစေမယ့် ဒဏ်ရာဒဏ်ချက်။ နည်းနည်းဝမ်းနည်းပြီး များများမိုးရွာလို့ရတဲ့ ယဥ်ကျေးမှု။ ဒီနေ့မှာ နာရေးတစ်ခုရှိကောင်းရှိမယ်။ ဆူနာမီကို ခန့်မှန်းဖို့ဖြစ်ဖြစ်၊ ကိုယ်တို့တိုင်းပြည်ရဲ့ အဝတ်အစားပြန်ကပ်ချိန်ကို စောင့်နေလိုက်ဖို့ဖြစ်ဖြစ်၊ စာမျက်နှာတစ်ခုကို ကျပန်းလှန်လိုက်သလိုဖြစ်ဖြစ်၊

ဘာဖြစ်ဖြစ်ပေါ့။             ။


 ပေသိုး

၂၉ ဇူလိုင် ၂၀၂၂

Comments

Post a Comment

Popular posts from this blog

သင်တို့ဘုရားငါမဖူး - ကဗျာ

Revolution Reviews

ပြောလိုက်ပါဘိ ဟောပါဘိ