ကဗျာ ကဏ္ဍ
စစ်ကြီးဖြစ်တော့
လူတွေ အတိဒုက္ခရောက်ကြတယ်။
စစ်ကြီးပြီးတော့
လူတွေ ပျင်းလာကြတယ်။
စစ်ကြီးဖြစ်တော့
လူတွေ ကြံဖန်အသက်ရှင်ကြတယ်။
စစ်ကြီးပြီးတော့
လူလိမ်တွေ ပေါလာတယ်။
ဒါပေမဲ့ ငါတို့ဟာ
ကင်မရာရှေ့ဖြတ်လျှောက်မပျက်
ဖြတ်လျှောက်လျက်ပါပဲ
ဖြတ်လျှောက်မြဲပါပဲ။
အဲဒါ
နည်းသလားကွ
ငါတို့ဟာ စပ်ဖြဲဖြဲနဲ့
ကင်မရာရှေ့ဖြတ်လျှောက်ခဲ့သပေါ့ ။
-အောင်ချိမ့်
ကုန်ဈေးနှုန်းတွေအမြန်ဆုံးပြန်ကျပါတော့ 😭
ReplyDelete:Done
ReplyDeleteFighting
ReplyDelete