အပမှီနိုင်ငံတော်
ရေပေါ်စာတွေဖတ်ရတာပျင်းလာပြီ
ကမ္ဘာကြီးကမကျန်းမာဘူး
နိုင်ငံကအပမှီနေတယ်
ရွာတစ်ရွာပြာကျသွားတဲ့သတင်းက
ကိုယ်ဟန်ပြမယ်ရဲ့ပေါင်တံဖွေးဖွေးကို
မကျော်နိုင်ခဲ့ဘူး
မုဒိန်းကျင့်မီးရှို့ခံလိုက်ရတဲ့ ကောင်မလေးက
clubတက်ပျော်ပါးနေတဲ့မိန်းကလေးလောက်
အရာမဝင်ခဲ့ဘူး
သေမင်းနှုတ်ခမ်းဝကလူကို
အအေးခန်းထဲကလူတွေက
အပြစ်တင်ကဲ့ရဲ့နေကြတယ်
သာသနာပြုဘုန်းကြီးက နိုင်ငံတကာမှာ
ဘုရားလှည့်တည်နေတယ်
နိုင်ငံအတွင်းကစေတီပုထိုးတွေတော့
ဘောင်မဝင်ဘူးထင်ပါရဲ့
ပြာပုံထဲမှာ တုံးလုံးပက်လက်
တစ်ချို့အတွက်မနက်ဖြန်က ရွှေလို
တစ်ချို့ကျ မနက်ဖြန်က မသေချာမရေရာ
ကမ္ဘာကြီးဟာ ပုံမှန်လေးလည်ပတ်နေပေမယ့်
ပုံမှန်မဟုတ်တဲ့နေရာတွေမှာ မုန်တိုင်းဟာ
ကွက်ကြမ်းနေတယ်...
ဒါပါပဲ
အမှန်တရားတွေပြောရင်
အမှားတရားတွေနဲ့အပြစ်ဖို့ကြလိမ့်မယ်
ဒီနိုင်ငံဟာ အပမှီနေတဲ့အတွက်
လူတွေဟာ မကောင်းဆိုးဝါးလိုလို
မကောင်းဆိုးဝါးဟာ လူလိုလိုဖြစ်လိမ့်မယ်။ ။
-ခွန်းနိုင်
Poemency
Done!
ReplyDeleteDone!
Delete:Done
ReplyDeleteDone
ReplyDeleteFighting
ReplyDelete