တော်လှန်ရေး သီချင်း
နိုင်ငံမှာ လင်းတဲ့ အခြမ်းနဲ့
မှောင်တဲ့ အခြမ်းရှိတယ်
ပြည်သူမှာ သွေးအေးတဲ့ မျိုးစိတ်ကော
သွေးနွေးတဲ့ မျိုးစိတ်ကော ရှိတယ်
ဒါကို ငါတို့တွေ
မေ့ထားလို့ မရဘူး
လူမှာ သစ္စာကြီးမယ့်သူ ရှိတယ်
သစ္စာ မဲ့မယ်သူ ရှိတယ်
ဒါကို မေ့ထားလို့ မရဘူး
တချို့က လမ်းပေါ်ပဲ တက်ချင်တယ်
တချို့ကကျတော့ လွှတ်တော်ပဲ တက်ချင်တယ်
အဲဒီကိစ္စလည်း မေ့ထားလို့မရဘူး
တရားပဲ ကျကျ သံဝေဂပဲရရ
ဓမ္မနဲ့ အဓမ္မမှာ မဖြူရင်တော့ မဲကြတာပါပဲ
အရင်က ငါဟာ လမ်းပျောက်ခဲ့တဲ့ လူငယ်
အခု ငါက အိပ်မက် မမက်တော့တဲ့ လူရွယ်
သေရာပါ ဒဏ်ရာတွေချန်ပြီး
တဘဝလုံးကို လှိုက်စားခဲ့တဲ့ အစိုးရတွေကို ငါမမေ့ဘူး
ကိုယ့်အကြောင်းကိုယ်ပဲ စဉ်းစားစေတဲ့
ကပ်ဆိုးများကိုလည်း ငါမမေ့ဘူး
ငါတို့မပါလည်း ကမ္ဘာကြီးက ဆက်လည်နေမှာပဲ
ဒါကိုလည်း ငါမမေ့ဘူး
ကိုယ့်အကြောင်းနဲ့ ကိုယ်ပဲလို့
ပြိုနေတဲ့ ခေတ်ထဲ တွေးထားတယ်
အစစ အရာရာ
ငါတို့ အသင့်ရှိနေရပါမယ်
ငါတို့ အသင့်ဖြစ်နေရပါမယ် ။
မောင်မြတ်သူ
ဆီသို့မီဒီယာ
ASU_USUAF
done
ReplyDeleteDone!
ReplyDelete