ချစ်လှစွာသောကြယ်
ကောင်းကင်ယံမှာ
သုဿာန်မြေကို တည်ဆောက်
ကမ္ဘာသို့လည်း အမှတ်တရတွေ ပစ်ချခဲ့တဲ့နောက်မှာ
ငါဟာ ယုတ္ထိဗေဒကို ယုတ္ထိမရှိဘူးလို့ စွပ်စွဲခဲ့တယ်
လွတ်လပ်ရေးအတွက် ကြိုးပမ်းနေတဲ့သူတွေက
ကောင်းကင်ယံမှာ မနားရတော့ဘူးလား
မြေကြီးကလာတဲ့သူတွေက မြေကြီးပဲပြန်သွားရမယ်ဆိုရင်တောင်
အချိန်တိုင်းမှာကြွေ
နေဝင်မှမြင်ရပေတဲ့
ချစ်လှစွာသောကြယ်တွေဟာ
သူရဲကောင်းတွေဖြစ်ခဲ့တာပါလို့
ကလေးတွေကို သင်ပေးချင်တယ်
ငါယုံကြည်ရာတွေကို ဘယ်သိပ္ပံ ဘယ်ဘာသာရေးကမှ မဖျက်နိုင်
လောင်ကျွမ်းနာကျင်နေတဲ့ ဥက္ကာခဲတွေက အဝေးကြီးမှာ လှပလျက်
သူရဲကောင်းတွေဟာ
ငါတို့တာဝန်မကျေနိုင်လေခြင်းဆိုတဲ့ ဝမ်းနည်းခြင်းကို သယ်ဆောင်ကာ
ကောင်းကင်သုဿာန်ပေါ်မှာ အိပ်စက်ရင်း...
ဒါမှမဟုတ်...
ကြွေကျသွားရင်း...
Tommy
Done
ReplyDeleteDone!
ReplyDelete