ကဗျာ ကဏ္ဍ
တစ်ခါတစ်လေမှာတော့လည်း တွေးကြည့်မိပါတယ်
နက်ဖြန်ခါသေသွားရင် ဘာဖြစ်မလဲလို့…။
လုပ်ချင်တာတွေ လုပ်ခဲ့ပြီးပြီ…
(မလုပ်ရသေးတာတွေလည်း အများကြီး)
ဖြစ်ချင်တာတွေ ဖြစ်ခဲ့ပြီးပြီ…
(မဖြစ်ရသေးတာတွေလည်း အများကြီး)
နက်ဖြန်ခါမှာလို့စဉ်းစားလိုက်ပြန်တော့
နက်ဖြန်ခါတွေကလည်း အများကြီး
ဒီလိုနဲ့ပဲ
ဘဝမှာနေပျော်ရတာပါပဲ ကလေးရယ် …
-တာရာမင်းဝေ
Comments
Post a Comment