အမည်မဲ့
ကျွန်တော့်မှာ...
ငါးမျှားချိတ်တစ်ခုရှိတယ်။
အဲ့ဒါနဲ့ အရာရာကို
မျှားလို့ရတယ်။
တစ်ခါက ထိသမျှ ရွှေဖြစ်စေတဲ့
မိုက်ဒက်ဘုရင်ရဲ့ လက်တစ်ဖက်ရတယ်။
တစ်ခါက ကျောက်သားဖြစ်စပြုနေတဲ့
အစိမ်းရောင် အိပ်မက်တစ်ခုရတယ်။
တစ်ခါက တစ်ကိုက်ကိုက်ထားတဲ့
အေဝရဲ့ ပန်းသီးတစ်လုံးရတယ်။
တစ်ခါက ဖော်မယ်လင်စိမ်ထားတဲ့
ခေတ်စမ်းကဗျာစာအုပ်တစ်အုပ်ရတယ်။
တစ်ခါက အိုင်းစတိုင်းရဲ့
လက်တန်မပါတဲ့ လက်ပတ်နာရီတစ်လုံးရတယ်။
တစ်ခါက သံမဏိနဲ့ ဖာထေးထားတဲ့
ကောင်းကင်ဟောင်းတစ်ခုရတယ်။
တစ်ခါက မီးသွေးနဲ့ ဖုတ်ထားတဲ့
ခရမ်းပြာ သစ်ခွတစ်ပွင့်ရတယ်။
တစ်ခါက ကင်ဆာဖြစ်နေတဲ့
ဒါဝင်ရဲ့ သီအိုရီတစ်ခုရတယ်
တစ်ခါက ခွေးစားခွက်ကို လုပ်ထားတဲ့
ကျော်ကြားမှုသရဖူတစ်ခုရတယ်။
တစ်ခါက ရေဒီယိုအက်တမ်ဓာတ်ကြွနေတဲ့
ဝိဒူရရဲ့ အသည်းနှလုံးရတယ်။
တစ်ခါက မြားတစ်စင်းမှာ စုချည်ထားတဲ့
ခဗျားတို့ရဲ့ မုန်းတီးမှုရတယ်။
အဲ့ဒါနဲ့ အရာရာကို မျှားလို့ရမယ်။
အဲ့ဒါနဲ့...
ငါးကိုတော့ မျှားလို့မရဘူး။
သစ္စာနီ
Done!
ReplyDeleteDone!
Delete:Done
ReplyDelete