"ငါ့ဖယောင်းတိုင်ကို ဘယ်သူမီးမှုတ်သွားသလဲ"


သူတို့အယားပြေဖို့အတွက် ငါ့ကိုလာကုတ်ခြစ်ကြတာလား

ငါ့မှာသာ ခိုးခိုးခစ်ခစ်တွေ တစ်ခုပြီး တစ်ခု ဖြစ်နေရ...


ဒီနေ့အထိရောက်နေပြီးတာတောင်မှ

မနက်ဖြန်ကို လှမ်းကြည့်လို့မရနိုင်တဲ့ ဘဝမှာ

ငါ...ဘာလုပ်ပေးရမလဲ


ဓနိမိုး ထရံကာ အလွမ်းကလေးနဲ့

လမ်းဘေးမှာ လဲရင်ကောင်းမလား...


အစတည်းက

မြန်မာပြည်ရဲ့ အောက်ဆုံးထပ်မှာ နေခဲ့တဲ့ ကောင်ပဲ

သေချာတာက

ဧရာဝတီ တစ်စက်နှစ်စက်လောက်နဲ့တော့

သူတို့ ငါ့ကို ပက်ခွင့်ရမှာ မဟုတ်ဘူး။


မူးတယ်

တံဆိပ်ဆွဲအခွာခံလိုက်ရတဲ့ ပုလင်းလိုပဲ


ငါ့ဘဝဟာ ဝတ်လစ်စလစ်နဲ့ စားပွဲပေါ်မှာ ငြိမ်လို့။


-တာရာမင်းဝေ

Comments

Post a Comment

Popular posts from this blog

သင်တို့ဘုရားငါမဖူး - ကဗျာ

Revolution Reviews

ပြောလိုက်ပါဘိ ဟောပါဘိ