နယ်ခြားစောင့်ငှက်
နောက်ဘဝတစ်ခုကို ငါကူးလိုက်ချင်ပြီ
ဒါပေမယ့် ချစ်ခြင်းတရားတွေက လက်နှစ်ဖက်ပေါ်အပြည့်နဲ့
ငါဟာ ချောက်ကမ်းပါးရဲ့အစွန်းမှာ
အတွင်းသားရဲ့ပုန်ကန်ခြားနားမှု
ငါ့မှာမရှိတော့တဲ့ တရားစီရင်ရေး
တရစ်ပြီး တရစ်ပတ်သက်ဖို့ ကဗျာတွေ တပုဒ်ပြီးတပုဒ်
အချစ်ရေ မင်းကြားရဲ့လား
ဆောင်းခိုဖို့ သူရဲကောင်းတွေပြန်လာကြပြီ
ငါတို့ ထုံးထားတာတွေ ငါတို့ချည်ထားတာတွေ
မြစ်ရဲ့တဖက်သောကမ်းက မမြင်ရတဲ့အိမ်မက်တွေနဲ့အတူ
စစ်က တကယ်ဖြစ်နေတာ
ငါဟာ လေဟာနယ်ထဲ၊ လက်တစုံနဲ့
နောက်လက်တစုံ အိုမင်းသည်အထိဆိုတာ
မရေရာတဲ့ ရေးသားခြင်းပုံစံလိုမျိုး
စာသားတလိုင်းနဲ့ နောက်တလိုင်းရဲ့ ချိတ်ဆက်မှုက
မင်းကို မနမ်းခင်နဲ့ နမ်းပြီး အချိန်တစ်ခုလို
ငါစောင့်နေတယ်
ငါတို့စောင့်နေတယ်
မီးခိုးတန်းကိုကြည့်ပြီး တိမ်တွေထူလိုက်တာလို့တွေးမိတဲ့အခိုက်အတန့်ထိ ။
အမ်ဂျီသာယာ
(13Jun22)
:Done
ReplyDelete