ကက်ကိုဘိန်းက

ကျွန်တော့်သီချင်းတွေကိုနားထောင်တဲ့

လူဆယ်ယောက်ဆိုရင်တောင်များလှပါပြီတဲ့


မောင်ချောနွယ်က

ကမ္ဘာပေါ်မှာကိုယ့်ကိုချစ်တဲ့လူဟာ

ဘောလုံးတစ်သင်းစာတောင်ရှိရဲ့လား

မစဉ်းစားတော့ပါဘူးတဲ့


မာယာကော့ဖ်စကီးက

အများကြိုက်ကိုပါးရိုက်ချင်တယ်တဲ့


ဖော်လိုဝါတွေနဲ့တည်ဆောက်ထားတဲ့

အပေါစားကျော်ကြားမှုတွေကို 

လက်ခလယ်ထောင်ပြသွားခဲ့ကြတဲ့လူတွေပေါ့


-ကြည်ဇော်အေး

Comments

Post a Comment

Popular posts from this blog

သင်တို့ဘုရားငါမဖူး - ကဗျာ

Revolution Reviews

ပြောလိုက်ပါဘိ ဟောပါဘိ