"ဖြေတွေး"


ငါးကလေးတစ်ကောင် 

ရေနစ်သေမှာစိုးလို့ ကယ်ဆယ်လိုက်တာ 

ကုသိုလ်ရနိုင်သလား


ပုလင်းတလုံးဟာ

သူရာမေရိယကံကို ကျူးလွန်မှုရှိ မရှိ

သိနိုင်သလား


သံတချောင်းရိုက်ပေးတဲ့

အဖိုးအခ အဖြစ် တူတလက်ပေးလိုက်ရရင်

တန်တယ်လို့ ဆိုမလား 


အချိန်မမှန်တဲ့ နာရီတစ်လုံးထက်စာရင်

ရပ်နေတဲ့ နာရီတစ်လုံးက

တရက်မှာ

နှစ်ကြိမ်မှန်သေးတယ် ဆိုရင်

သဘောတူလား 


အဖြေကို 

ဘဝစာမျက်နှာ တနေရာတွင်

ရှာကြည့်ပါ ။


-မင်းလူ

Comments

Post a Comment

Popular posts from this blog

သင်တို့ဘုရားငါမဖူး - ကဗျာ

Revolution Reviews

ပြောလိုက်ပါဘိ ဟောပါဘိ