ငယ်ရွယ်မှုသို့ ကဗျာတစ်ပုဒ်
အဲဒီတုန်းက ငါ့ ဟာဝေယံအင်္ကျီအိတ်ကပ်ထဲကနေ အလင်းရောင်တွေ ဖြာထွက်နေတယ်
မှတ်မိလား နေပူရာက ဗြုန်းဆို
မိုးတွေသည်းကြီးမည်းကြီး ရွာချတာလေ
နယူးယောက် ၁၃၂ လမ်း ပေါ်မှာ
ဒီလန်ရပ်နေတဲ့ပုံစံမျိုး ဂျင်းဘောင်းဘီအိတ်ထဲ
လက်နှစ်ဘက်လုံးထည့်ပြီး ငါရပ်နေခဲ့တယ်
ပြီးတော့ ကားထဲမှာ ကိုယ်တို့နမ်းနေတုန်း မီးပွိုင့်စိမ်းသွားလို့
နောက်ကားတွေ အဆက်မပြတ်ဟွန်းတီးကြတာ
ဘယ်ခေတ်မှာမဆို
အချစ်ကြောင့် သေမလိုဖြစ်ခဲ့ကြတဲ့ လူငယ်တွေ ရှိတယ်
ကံဆိုးတဲ့အများစုကတော့ တကယ်မသေခဲ့ကြဘူး
ကိုယ်တော့မသေလို့
အခုနေ့တိုင်းဝင်လာတဲ့ SMS တွေကို စာပြန်ပြီး
ဖုန်းဘေလ်ကို ပွားအောင်လုပ်နေမိ
သေရွာကပြန်လာတဲ့လူတွေဟာ ဧည့်ခန်းထဲမှာစီထားတဲ့
ဆုတံဆိပ်တွေကို လိုက်ကြည့်နေကြတယ်
ခံစားချက်အဟောင်းတွေဆိုတာ ကိုယ်မသိတဲ့အချိန် ကိုယ့်အိမ်နံရံမှာ ပေါက်နေတဲ့ အုတ်ကပ်ပန်းတွေပဲ
မနက်စာပြင်ပေးရင်း ထောပတ်ပေါ်
မျက်ရည်တစ်စက် နှစ်စက်ကျတတ်တဲ့ အိမ်ရှင်မတွေရှိမယ်
တချို့လည်း စောစောစီးစီး ခုံးထနေတဲ့ကြောင်တွေကို
ကြမ်းပြင်ပေါ်ခြေဆောင့်ပြီး မောင်းထုတ်လိုက်တယ် မိုးရေနဲ့စိုနေတဲ့လမ်းပေါ်မှာ
ငါကားမောင်းရင်း လေချွန်နေမိပြန်ပြီ
အသည်းနှလုံးဆိုတာ မူလအတိုင်း
အမွေးအတောင်တစ်ခုမကျန် ပြန်ပြုလုပ်ထားတဲ့
အဆာသွပ် မျိုးတုန်းငှက်တစ်ကောင်ပဲ ။
အောင်ခင်မြင့်
❤️
ReplyDelete:Done
ReplyDeleteFighting
ReplyDeleteDone
ReplyDelete