"လက်ရှိမိုးလေဝသ"

 နိုင်ငံက ကျီးထိုးထိုး လောက်ကိုက်ကိုက်

ငါတို့ဘဝတွေက မျက်တွင်းဟောက်ပက်

ယောက်ယက်ခတ် ဗျာများ 

အဲ့တာ သွေးမထွက်တဲ့အနာတွေလေ ကလေးရဲ့

မင်းကတော့ ထမင်းဇလုံကို ဖြန့်ခံထားတာပဲ

အပူမကင်းနေပေမယ့် အပူအပင်ကင်းစေချင်တယ်

ရာသီဥတုလောက်ပဲ ပူစေချင်တယ်

ဒါပေမယ့်ကွယ်…..။


-ကောက်ကွေ့

Comments

  1. ငါတို့လူကြီးဖြစ်လာတဲ့ခေတ်ကျမှကွာ အာဏာကသိမ်း ဘွဲ့ကမရ အိုးအိမ်တွေကပါ ကုန်ဈေးနှုန်းတွေကမတန်မရာ တကယ်ကိုကပ်ဆိုက်တော့တာပါပဲ

    ReplyDelete

Post a Comment

Popular posts from this blog

သင်တို့ဘုရားငါမဖူး - ကဗျာ

Revolution Reviews

ပြောလိုက်ပါဘိ ဟောပါဘိ