သစ်ခြောက်ပင်



ငါမိုးပေးခဲ့တဲ့ အရိပ်ထက်

သူ ချိုးသွားတဲ့ အခက်က ပိုရှည်တယ်။


ဓာတ်ခဲအဟောင်းနဲ့ တွဲသုံးထားမိတဲ့

ပစ္စုပ္ပန်အသစ်

စိတ်ကူးတွေ တစ်ကျော့ပြီး တစ်ကျော့

တိပ်သား အတွန့်ကြေ ကက်ဆက်တစ်ခွေ ဖွင့်ထား


'ဘဝဆိုတာ ရေပွက်ပမာ' တဲ့

ပင်လယ်ကြီးလောက် ချစ်မိခဲ့တဲ့ ကောင်က

အကြိမ်ကြိမ်သေဆုံးပေါ့ ဟုတ်လား။


ဘယ်လိုမှ ရှောင်လွှဲမရတာ

အိပ်မက်ထဲမှာရယ်

နောက်ကျောမှာ ထိုးစိုက်ပေးလိုက်တဲ့ ဓားရယ် ။


အလွမ်းတွေနဲ့ အစာချက်လုပ်တော့

အရွက်တွေ အကြွေများ

ငါ့ကိုယ်ငါလည်း ဂရုမစိုက်အားခဲ့။   ။


- မောင်ယုပိုင်

Comments

Popular posts from this blog

သင်တို့ဘုရားငါမဖူး - ကဗျာ

Revolution Reviews

ပြောလိုက်ပါဘိ ဟောပါဘိ