ရတုဘုရင်


ကံတရား၏ စုတ်ချက်တွင်

ရှေးရေစက်သည်

ဆေးရောင်ဆေးစက်တို့ ဖြစ်ခဲ့သည် ။


အတိတ်ဘဝက ဆူးခဲ့ဖူးသော

ဆူးကလေး တစ်ချောင်းကြောင့်

ဤသို့ တောရိပ်တောင်ရိပ်ကြီးထဲဝယ်

နတ်ရှင်နောင်နှင့် သူမ

ဆုံတွေ့ခွင့်ရခြင်း

အမှန်ပင်ဖြစ်သည် ။


လူနေဟန်ပန်နှင့် ဝတ်ပုံစားပုံ ရုပ်သဏ္ဍာန်က

နတ်ရှင်နောင်ဟူ၍ ပုံဖော်ပြဌာန်းထားနိုင်သော်လည်း

ကျွန်တော်၏နှလုံးသားနှင့် မျက်လုံးအကြည့်တို့ကား

အားငယ်သည့် နှင်းဆီပန်းလေးတစ်ပွင့်နှယ်

သူမ၏ရှေ့၌ တထပ်ချင်း တဖတ်ချင်း

ကြွေ၍ ကြွေ၍ ကျနေသည် ။


မည်သို့ပင်ဖြစ်စေ

ရင်ကို စူးဝင်ခဲ့သော နေ့တနေ့အား

ကျွန်တော်ကပင် ကျေးဇူးတင်မဆုံးတော့ ။


-မောင်သိန်းဇော်

Comments

Post a Comment

Popular posts from this blog

သင်တို့ဘုရားငါမဖူး - ကဗျာ

Revolution Reviews

ပြောလိုက်ပါဘိ ဟောပါဘိ