ကျွန်တော့်အင်အားနဲ့ ချစ်ရသူတွေအပြုံးဖန်တီးလိုပါတယ်

 ဒေါ်လာဈေးတွေတတ်တယ် အမေ 

ကုန်ဈေးနှုန်းကစ နေ့စဉ်အသုံးစရိတ်ထိ ကျွန်တော်လိုက်မီတာတစ်ခုမှမရှိဘူး


လကုန်ရတဲ့ လစာဟာတော့တည်တည်ငြိမ်ငြိမ်ပဲအမေ

ဘာတွေကျနေသလဲဆို စိတ်က‌လေးဟာတော့ အတော့်ကိုထိုးကျနေပါရဲ့


အိမ်ကိုပြန်ကြည့်ဖို့ဆိုတာ ဝေးပါတယ်အမေရယ်

လကုန်ခါနီးဆို အိမ်ကပေးတဲ့ အထောက်အပံ့လေးကို မျက်နှာပြောင်စွာယူရတုန်းပဲ


အဆင်မပြေမှုတွေ မပြေလည်မှုတွေများစွာထဲ

အမေ့တစ်ကိုယ်လုံး ရွှေတိုရွှေစကလေးတောင် မဆင်ပေးနိုင်ခြင်းကိုတော့ အသိမ်ငယ်ဆုံးပါပဲ


အဖေစီးနေကျ ဆိုင်ကယ်လေးက ဟောင်းနေပြီ

ဆီဈေးနှုန်းထားအရ ကျွန်တော်တို့သားအဖ အိမ်နောက်က စက်ဘီးကလေးကိုဖုန်သုတ်ရတော့မဲ့ ပုံပါပဲအမေ


နေ့ရက်တိုင်းဟာ ရုန်းကန်ဆဲ ပင်ပန်းဆဲပါအမေ

ကျွန်တော် စိတ်ကလေးအေးချမ်းလိုပါတယ် ကျွန်တော့်အင်အားနဲ့ ချစ်ရသူတွေအပြုံးဖန်တီးလိုပါတယ်


သို့ပေမဲ့လည်း လူတိုင်းလိုလားပြီး 

တောင်းတတိုင်းမရတာလည်း စိတ်ချမ်းသာခြင်းပဲမဟုတ်လား...။


                                                                                Mental_Note

Comments

Post a Comment

Popular posts from this blog

သင်တို့ဘုရားငါမဖူး - ကဗျာ

Revolution Reviews

ပြောလိုက်ပါဘိ ဟောပါဘိ