ကျောင်းသားကဗျာ
စာသင်ခန်းထဲမှာ
ကဗျာတစ်ပုဒ်စပ်ဖူးတယ်
စာသင်ခန်းထဲမှာ
ဗားတော့ဘရက်ဖတ်ဖူးတယ်
စာသင်ခန်းထဲမှာ
ဆေးလိပ်ခိုးသောက်ဖူးတယ်
စာသင်ခန်းထဲမှာ
ဆရာဆူတာခံရဖူးတယ်။
စာသင်ခန်းထဲ
စာမေးပွဲဖြေရမှာကို ကြောက်
စာအမေးခံရမှာကို ကြောက်
ပျင်းစရာကောင်းတဲ့ ပြဌာန်းစာအုပ်ကြီးတွေကို ကြောက်ရင်း
ကျောင်းအတန်တန်ပြေးဖူးတဲ့ လူတစ်ယောက်
ခုတော့ . . .
စာသင်ခန်းထဲ ပြန်ရောက်ချင်တယ်
စာမေးပွဲတွေ ပြန်ဖြေချင်တယ်
စာသင်ခန်း . . . ငါ လွမ်းတယ်ကွယ်။
တောထဲတောင်ထဲမှာ
စာမေးပွဲမရှိ
စာသင်ခန်းမရှိ
ပြဌာန်းစာအုပ်မရှိ
လက်နက်ကိုင်နည်းလမ်းနဲ့
ကြမ်းတမ်းတဲ့ ငှက်ဖျားရောဂါပိုးတွေရှိတယ်
လူမျိုးစုတော်လှန်ရေးသမားတွေ ရှိတယ်
သူတိုနဲ့ အတူလက်တွဲလို
စစ်အာဏာရှင်တွေကို ရင်ဆိုင်မယ်
ဗမာပြည်ကို ကယ်တင်မယ်
အမိမြေကို ပြန်အရယူမယ်
ဒီမိုကရေစီရဲ့
ရွှေရောင်ဝင်းပတဲ့ လမ်းမ
ငါတိုသွေးစက်များက လမ်းပြရှေ့ဆောင်
ပန်းပွင့်များအားလုံးအတွက် အောင်ပွဲ
ငါတိုသွေးနဲ့ လဲရမယ်။
မဝေးလှတဲ့
အနာဂတ်ရဲ့ စာသင်ခန်းထဲ
ငါမရှိလည်း ငါရှိနေသလို
မင်းမရှိလည်း မင်းရှိနေသလို
သူမရှိလည်း သူရှိနေသလို ။
သူငယ်ချင်းတို့ရယ်
စွယ်တော်ရွက်တွေဝေတိုင်း
ငါတို့ကို သတိရပါ
ကံ့ကော်ပွင့်တွေပွင့်တိုင်း
ငါတို့ကို သတိရပါ
"ကျောင်းသားသမဂ္ဂအဆောက်အအုံအသစ်ဖွင့်ပွဲ"
ငါတိုဝိညာဉ်တွေလည်း
ပါဝင်ဆင်နွှဲပါရစေလား ။
- ဒတ်ထ
ဆိုရှယ်ဒီမိုကရက်စာစဉ်
Done!
ReplyDeleteDone
DeleteWe remember our heroes.
ReplyDeleteDone
ReplyDeleteဆွေးမြေ့စရာရသလေး🥺❤️
ReplyDelete🐝
ReplyDeleteDone
ReplyDelete