မှည့်နေသောကျိန်စာ


ဒုက္ခက ရွေးနှုတ်ဖို့

ဒုက္ခပဲ ရင်းစားရှိ

နှလုံးသားရော ဦးနှောက်ပါ

လောင်မီးကျခဲ့ပြီ၊


ငတ်ရင်းသေမလား

သတ်ရင်းသေမလား

ရေပွက်ပမာကို

အနက်မြှင့်

ဖွင့်ကြ


တော်လှန်ရေး

ရင့်ရွှန်းဝင်းစို


ချင်းချင်းနီနေတဲ့ ခေါင်းတွေ

တလားထဲ ရောက်တဲ့တိုင်

ညွတ်ကျမသွားဘူး၊


ဘာမဆိုလုပ်ရဲသူဟာ

ဘာမဆိုဖြစ်ရဲမှာပါပဲ

သံသရာမဆုံး

ငရဲတဆုံး နစ်စေ ။     ။


◾️ ဝေစည်

အိုးဝေစာစောင်

Oway0209 

Comments

Post a Comment

Popular posts from this blog

သင်တို့ဘုရားငါမဖူး - ကဗျာ

Revolution Reviews

ပြောလိုက်ပါဘိ ဟောပါဘိ