ကဗျာ ကဏ္ဍ

 


ဘာတစ်ခုမှ အဆင်မပြေတာကိုရော

ကံဆိုးမှုအကြိမ်ကြိမ် ကျရောက်ရတာကိုရော၊

ရောဂါပိုမွှားတွေ ထူထပ်သိပ်သည်းနေခဲ့တာကိုရော၊

တစ်စိမ့်စိမ့် တစ်မြေ့မြေ့ နာကျင်ပြီး

ဆာလောင်နေရတာကိုရော၊

ကိုယ်ကချစ်လိုက်ပြီး ပြန်အချစ်ခံခွင့်ရတာကိုရော၊

အမုန်းခံလိုက်ရတာကိုရော၊

အစစစုပေါင်းဖြစ်တည် ပျက်ယွင်းနေတဲ့

ဒီ ဘဝတိုတိုဆိုတာလေးကို

အထူးလှိုက်လှဲစွာ ကျေနပ်လှပါတယ်…


-မောင်ချောနွယ်

Comments

Post a Comment

Popular posts from this blog

သင်တို့ဘုရားငါမဖူး - ကဗျာ

Revolution Reviews

ပြောလိုက်ပါဘိ ဟောပါဘိ