မျှော်
မြန်မာပြည် ငြိမ်းချမ်းပါစေ
သွေးစတွေ စိုလူး
အလံဦးမှာ ကိုယ့်အမည်ချိတ်လို့
ကြိုးစင်ရိပ်ဝယ်
ကျတော်တို့ တိုက်ပွဲဝင်နေပါတယ်။
ပိတ်မထားရသေးတဲ့
သားကြီးတို့ရဲ့ကျောင်းစာအုပ်မှာ
ဒေါင်းရုပ်လေးတွေ သားငယ်ဆွဲတော့
မေမေမျက်ရည် ဝဲရော့မယ်။
ရှစ်ဆယ့်ရှစ်ခုနှစ်ရဲ့
လက်နက်နဲ့ လွယ်အိတ်တိုက်ပွဲများ
မှုန်ဝါးပြာဝေ
ကမ္ဘာမကြေဘူး
ဘီလူးတစ်ခေတ်၊ ဒေါင်းတစ်ခေတ်။
တစ်နေ့နေ့လေ
မသေသေးရင် ပြန်လာချင်တယ်
ရင်ခွင်မှာ ထွေးလို့ကြိုပါ မေမေရယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ
သွေးစတွေစိုလူး
အလံဦးမှာ ကိုယ့်အမည်ချိတ်လို့
ကြိုးစင်ရိပ်ဝယ်
ကျတော်တို့ တိုက်ပွဲဝင်နေပါတယ်။
- ရွှေဘုန်းလူ(တာရာမင်းဝေ)
🐝
ReplyDelete🌹🤗
DeleteDone🍀
ReplyDelete💥
ReplyDelete