''ရွှေကိုယ်တော်''


ဘီလ်ဂိတ်လောက်မှာ မချမ်းသာလေတော့

နေရ ထိုင်ရတာ သိပ် အဆင်မပြေလှဘူး။


နတ်ကောင်းနတ်မြတ်များကိုလည်း ပသခဲ့ပါရဲ့

ယတြာတွေ အကြိမ်ကြိမ် ချေပေမယ့်လည်း

အဆိုးတွေက အဆိုးအတိုင်းပဲ ဆက်ပြီး ဆိုးကြတယ်

လက်နှစ်ဖက်နဲ့ ရေးတာတောင် ကဗျာတစ်ပုဒ်မှ မဖြစ်

စောင့်စားရတဲ့ မျှော်လင့်ခြင်းမှာ နာရီတွေက နောက်ပြန်သွား

ငါးဒေါ်လာလောက်မှ ကိုယ့်အပေါ် မစွန့်ကြဲရက်တဲ့

ကံကြမ္မာရယ်

ကြက်သားဟင်းနဲ့ ထမင်းမစားရတာလည်း ကြာလှပါပေါ့။


-ပိုင်စိုးဝေ

Comments

Post a Comment

Popular posts from this blog

သင်တို့ဘုရားငါမဖူး - ကဗျာ

Revolution Reviews

ပြောလိုက်ပါဘိ ဟောပါဘိ