ဒို့နှစ်ယောက်နိုင်ငံတော်
ဒို့နှစ်ယောက် အိမ်လေးမှာ
ရွှေတွေ ငွေတွေ
စည်းစိမ်ချမ်းသာတွေ
ပြီးပြည့်စုံနေဖို့ထက်
အသိဉာဏ်တွေ နဲ့ ရတနာ
စာအုပ်စင်လေး တခမ်းတနား ရှိရမယ်
ယုံကြည်မှု အလံတော်ကို
အမြှင့်ဆုံး လွှင့်တင်ထားတဲ့
ဒို့နှစ်ယောက်ရဲ့ အိမ်လေးမှာ
လွတ်လပ်မှုတွေ နဲ့ စိုက်ပျိုးတဲ့
သစ္စာ ပန်းခင်းတွေလည်း ဖူးပွင့်တယ်
အမုန်းမဖက်ပြုံးလျက် နံနက်စာစားမယ်
မေက ကော်ဖီဖျော်ပေးရင်
မောင်က ပေါင်မုန့်ထောပတ်သုတ်ပေး
အဲဒါ ဒို့နှစ်ယောက်ရဲ့
ဒီမိုကရေစီပဲလေ
လူ့သမိုင်းတာဝန်နှစ်ခု
ဒို့နှစ်ယောက်ရဲ့ နိုင်ငံတော်မှာ
ထမ်းဆောင်ကြမယ် ချစ်သူ...။
San Zuren 🌸
fighting
ReplyDeleteThis comment has been removed by the author.
ReplyDeleteFighting
ReplyDeleteDone!
ReplyDelete