ဖြစ်သမျှအကြောင်း အကောင်း


အနာဂတ်ဆိုတာကြီးကို လှမ်းမျှော်ကြည့်ပေမယ့်

ကျွန်တော်မှာ မနက်ဖြန်ဆိုတာတွေ မရှိတော့ဘူး


လက်ကျန်မနက်ဖြန် အသက်ဆက်ရန်အတွက်

ခန္ဓာဟာ ငွေကြေးဓာတ်တွေ ချို့တဲ့နေတယ်


သေရဲတယ် မနေရဲတော့ဘူး 

လူ့ဘဝကြီးက ကြောက်စရာ

ကျားသတ္တဝါတွေကြားထဲမှာ သမင်ဖြစ်ခဲ့ရတဲ့

အဘွားရေ ကျွန်တော့ဘဝလေးက ခါးလိုက်တာ


ဘာမှမရှိတဲ့ငါလိုကောင်ဆီကမှ မိန်းကလေး

မင်းလိုချင်တာတွေလည်း များလိုက်တာ


ဒဏ်ရာတွေ မျိုသိပ်ပြီး

မျက်လုံး စုံမှိတ်ထားပါ့မယ်

ဖြစ်သမျှအကြောင်း အကောင်းပါပဲ


- Saw Luu Aye 

 23.AUGUEST.2022

Comments

Post a Comment

Popular posts from this blog

သင်တို့ဘုရားငါမဖူး - ကဗျာ

Revolution Reviews

ပြောလိုက်ပါဘိ ဟောပါဘိ