ကဗျာ ကဏ္ဍ

ငါက အမေ့မျက်ရည်၊ 

အဖေ့ မသောက်ဖြစ်တဲ့

ဝီစကီခွက်ထဲ ပြုတ်ကျသွားတဲ့ယင်ကောင်၊

မပျော်ရွှင်ရတဲ့ နွေနှောင်းညနေဖာလူဒါ၊ 

ညှိုးခြောက်သွားတဲ့ ဘုရားစင်က စံပယ်တစ်ပွင့်၊ 

(ဟိုလ်ဒင်ကောဖီးရေ ငါတို့အိမ်ပြန်ကြရအောင်)

ငါက လေတိုက်တိုင်း လဲ,လဲကျသွားတဲ့ အလံတိုင်၊

မခေါ်ဖြစ်တဲ့ ဖုန်းနံပတ်တစ်ခုကို ကြည့်မိတိုင်း

မျက်ရည်ခဏခဏကျရ။

မစားဖြစ်ခဲ့တဲ့ သရက်သီးတွေအကြောင်း 

အမေ့ကိုပြောပြချင်သေးတယ်။



PlugX

မအောင်မြင်သေးတဲ့  အိမ်ပြန်ခြင်းကိစ္စအတွက် 

ဆယ်လ်မွန်ငါးတို့အပြန်_

Comments

  1. နှမ်းတစ်စေ့နှင့် ဆီမဖြစ်သော်လည်း နှမ်းစေ့ပေါင်းများစွာနှင့် ဆီဖြစ်စေသည်

    တိုင်းသူပြည်သား Clickers တို့ ၏ click အားသည် အထူးထောက်ပို့ အင်အားကြီး ဖြစ်‌သည်

    ReplyDelete

Post a Comment

Popular posts from this blog

သင်တို့ဘုရားငါမဖူး - ကဗျာ

Revolution Reviews

ပြောလိုက်ပါဘိ ဟောပါဘိ