ကိုက်လမ်း
ငါဟာ
ကမ္ဘာကြီးကို နားစွင့်ထားသူ ယုန်ကလေးပါ။
နေ့စဉ်နေ့စဉ်
ငါ့၀ပ်ကျင်းကလေးကနေ ငါ အစာရှာထွက်တိုင်း
သစ်ပင်မြက်ပင်ငယ်လေးတွေကိုကိုက်ကိုက်ပြီး
ငါထွက်လာခဲ့မြဲ။
ခု...
လူနဲ့ ခွေးများ တောခြောက်ကြ
အပြေးအမြန် ငါ့ကိုက်လမ်းလေးအတိုင်း ပြန်လာခဲ့ရာ
ပိုက်ထဲ
ငါ့သစ္စာတရားဟာ ငါ့အသက်ကို ယူသွားကြပေါ့။
မောင်ချောနွယ်
Done!
ReplyDelete🐝
DeleteFighting
ReplyDeleteအားတင်းထားပါတယ်
ReplyDelete